ဝတ်​ပြု 25:1-2-9 Common Language Bible (BCL)

1-2. ထာ​ဝ​ရ​ဘု​ရား​သည် သိ​နာ​တောင်​ပေါ်​တွင် မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​အောက်​ပါ​ပြ​ဋ္ဌာန်း​ချက်​များ​ကို​ချ မှတ်​ပေး​တော်​မူ​၏။ သင်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​ပေး​သ​နား​တော်​မူ​မည့်​ပြည်​သို့​ဝင် ရောက်​ကြ​သော​အ​ခါ သတ္တ​မ​နှစ်​ကျ​ရောက် သည့်​အ​ခါ​တိုင်း​လယ်​များ​ကို​မ​ထွန်​မ ယက်​မ​စိုက်​မ​ပျိုး​ခြင်း​အား​ဖြင့် ထာ​ဝ​ရ ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မြှောက်​ရ​ကြ မည်။-

3. သင်​တို့​သည်​ခြောက်​နှစ်​မျှ​လယ်​များ​တွင် စိုက်​ပျိုး​ခြင်း၊ စ​ပျစ်​ကိုင်း​များ​ကို​သုတ်​သင် ရှင်း​လင်း​ခြင်း၊ အ​သီး​အ​နှံ​များ​ကို​ရိတ် သိမ်း​ခြင်း​ပြု​ရ​မည်။-

4. သို့​ရာ​တွင်​သတ္တ​မ​နှစ်​သည်​ထာ​ဝ​ရ​ဘု​ရား အား​ဆက်​ကပ်​ထား​သော​နှစ်​ဖြစ်​၍ ထို​နှစ်​တွင် မြေ​ကို​လုံး​ဝ​မ​ထွန်​ယက်​ဘဲ​ချန်​လှန်​ထား ရ​မည်။ လယ်​များ​တွင်​မ​စိုက်​မ​ပျိုး​ရ။ စပျစ် ကိုင်း​များ​ကို​သုတ်​သင်​ရှင်း​လင်း​ခြင်း​မ ပြု​ရ။-

5. မ​စိုက်​မ​ပျိုး​ရ​ဘဲ​နှင့်​အ​လို​အ​လျောက် သီး​သော​အ​သီး​အ​နှံ​များ​ကို​ပင်​မ​ရိတ် သိမ်း​ရ။ အ​ကိုင်း​အ​ခက်​ကို​မ​သုတ်​သင် မ​ရှင်း​လင်း​ဘဲ​နှင့်​သီး​သော​စ​ပျစ်​သီး များ​ကို​လည်း​မ​ဆွတ်​မ​ခူး​ရ။ ထို​နှစ်​တွင် မြေ​ကို​လုံး​ဝ​မ​ထွန်​ယက်​ဘဲ​ချန်​လှပ် ထား​ရ​မည်။-

6. ထို​နှစ်​အ​တွင်း​မ​စိုက်​မ​ပျိုး​ဘဲ​မြေ​မှ ထွက်​သော​အ​သီး​အ​နှံ​ရှိ​သ​မျှ​ကို သင် တို့​နှင့်​တ​ကွ​သင်​တို့​၏​ကျေး​ကျွန်၊ လူ​ငှား၊ သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား၊-

7. တိ​ရစ္ဆာန်​အ​ယဉ်​နှင့်​အ​ရိုင်း​တို့​သည်​စား သုံး​နိုင်​ကြ​သည်။

8. ခု​နစ်​နှစ်​ခု​နစ်​လီ​ဖြစ်​သော လေး​ဆယ့်​ကိုး နှစ်​ကို​ရေ​တွက်​လော့။-

9. ထို​နောက်​သတ္တ​မ​လ​ဆယ်​ရက်​နေ့​သည်​အ​ပြစ် ဖြေ​ရာ​နေ့​ဖြစ်​၍ လူ​တစ်​ယောက်​အား​တစ်​ပြည် လုံး​သို့​လှည့်​လည်​လျက်​တံ​ပိုး​ခ​ရာ​မှုတ်​စေ လော့။-

51-53. မိ​မိ​အား​တစ်​နှစ်​ပြီး​တစ်​နှစ်​ခန့်​သည့်​အ​နေ ဖြင့် ကျန်​သေး​သော​နှစ်​များ​ကို​တွက်​၍ မိ​မိ​ကိုယ် ကို​ရောင်း​သည့်​တန်​ဖိုး​၏​တစ်​စိတ်​တစ်​ဒေ​သ ကို​ပြန်​အမ်း​ရ​မည်။ သူ့​သ​ခင်​သည်​သူ့​အ​ပေါ် ညှာ​တာ​သော​သ​ဘော​ထား​ရှိ​ရ​မည်။-

ဝတ်​ပြု 25