1-2. ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသ ရေလအမျိုးသားတို့အားအောက်ပါအတိုင်း မိန့်တော်မူသည်။ တဲတော်ထဲရှိမီးတိုင်ကို အစဉ်မပြတ်ထွန်းညှိထားနိုင်စေရန် အကောင်းဆုံးသံလွင်ဆီစစ်စစ်ကိုယူ ခဲ့ကြလော့။-
3. အာရုန်သည်တဲတော်တွင်းအလွန်သန့်ရှင်း သောဌာနတော်၌တည်ရှိသည့် ပဋိညာဉ် သေတ္တာတော်ရှေ့ကန့်လန့်ကာအပြင်ဘက် တွင်မီးတိုင်ကိုညနေတိုင်းထွန်းညှိရမည်။ ထိုမီးတိုင်သည်ရှေ့တော်၌ညနေမှနံနက် သို့တိုင်အောင်ထွန်းတောက်လျက်ရှိစေရမည်။ သင်တို့သည်ဤပညတ်ကိုထာဝစဉ်စောင့် ထိန်းရကြမည်။-
4. အာရုန်သည်ရွှေမီးတိုင်မှမီးခွက်များကို ထိန်းသိမ်းစောင့်ရှောက်၍ထာဝရဘုရား၏ ရှေ့တော်၌အစဉ်မပြတ်ထွန်းတောက်လျက် ရှိစေရမည်။
5. မုန့်ညက်နှစ်ဆယ့်လေးပေါင်ဖြင့်မုန့်တစ်ဆယ့် နှစ်လုံးဖုတ်လော့။-
6. ထာဝရဘုရား၏ရှေ့တော်၌ရှိသောရွှေစင် ဖြင့်မွမ်းမံထားသည့်စားပွဲပေါ်တွင်မုန့်လုံး များကိုတစ်တန်းလျှင်မုန့်ခြောက်လုံးကျ နှစ်တန်းစီလော့။-
10-11. ဣသရေလအမျိုးသားတို့၏စခန်းတွင် အီဂျစ်အမျိုးသားဖခင်နှင့် ဣသရေလ အမျိုးသမီးမိခင်တို့မှပေါက်ဖွားသူတစ် ယောက်ရှိ၏။ မိခင်သည်ဒန်အမျိုးထဲမှဒိဗရိ ၏သမီးရှေလောမိတ်ဖြစ်သည်။ ထိုသူသည် စခန်းအတွင်း၌ဣသရေလအမျိုးသား တစ်ဦးနှင့်ခိုက်ရန်ဖြစ်ပွားနေစဉ် ထာဝရ ဘုရား၏နာမတော်ကိုကျိန်ဆဲ၏။ ထို့ကြောင့် သူ့အားမောရှေထံသို့ခေါ်ဆောင်ခဲ့ကြ သဖြင့်၊-