ဝတ်​ပြု 24:1-2-14 Common Language Bible (BCL)

1-2. ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား​အောက်​ပါ​အ​တိုင်း မိန့်​တော်​မူ​သည်။ တဲ​တော်​ထဲ​ရှိ​မီး​တိုင်​ကို အ​စဉ်​မ​ပြတ်​ထွန်း​ညှိ​ထား​နိုင်​စေ​ရန် အ​ကောင်း​ဆုံး​သံ​လွင်​ဆီ​စစ်​စစ်​ကို​ယူ ခဲ့​ကြ​လော့။-

3. အာ​ရုန်​သည်​တဲ​တော်​တွင်း​အ​လွန်​သန့်​ရှင်း သော​ဌာ​န​တော်​၌​တည်​ရှိ​သည့် ပ​ဋိ​ညာဉ် သေတ္တာ​တော်​ရှေ့​ကန့်​လန့်​ကာ​အ​ပြင်​ဘက် တွင်​မီး​တိုင်​ကို​ည​နေ​တိုင်း​ထွန်း​ညှိ​ရ​မည်။ ထို​မီး​တိုင်​သည်​ရှေ့​တော်​၌​ည​နေ​မှ​နံ​နက် သို့​တိုင်​အောင်​ထွန်း​တောက်​လျက်​ရှိ​စေ​ရ​မည်။ သင်​တို့​သည်​ဤ​ပ​ညတ်​ကို​ထာ​ဝ​စဉ်​စောင့် ထိန်း​ရ​ကြ​မည်။-

4. အာ​ရုန်​သည်​ရွှေ​မီး​တိုင်​မှ​မီး​ခွက်​များ​ကို ထိန်း​သိမ်း​စောင့်​ရှောက်​၍​ထာ​ဝ​ရ​ဘု​ရား​၏ ရှေ့​တော်​၌​အ​စဉ်​မ​ပြတ်​ထွန်း​တောက်​လျက် ရှိ​စေ​ရ​မည်။

5. မုန့်​ညက်​နှစ်​ဆယ့်​လေး​ပေါင်​ဖြင့်​မုန့်​တစ်​ဆယ့် နှစ်​လုံး​ဖုတ်​လော့။-

6. ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​ရှိ​သော​ရွှေ​စင် ဖြင့်​မွမ်း​မံ​ထား​သည့်​စား​ပွဲ​ပေါ်​တွင်​မုန့်​လုံး များ​ကို​တစ်​တန်း​လျှင်​မုန့်​ခြောက်​လုံး​ကျ နှစ်​တန်း​စီ​လော့။-

7. ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​သည့်​ပူဇော်​သ​ကာ အ​ထိမ်း​အ​မှတ်​အ​ဖြစ်​မုန့်​လုံး​တစ်​တန်း​စီ​ပေါ် တွင်​နံ့​သာ​အ​စစ်​ကို​တင်​လော့။-

8. အ​စဉ်​အ​မြဲ​ဥ​ပုသ်​နေ့​တိုင်း​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​၌​မုန့်​ကို​ဆက်​သ​ရ​မည်။-

9. ဤ​ကား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထာ​ဝ​စဉ် ဆောင်​ရွက်​ရ​မည့်​တာ​ဝန်​ဖြစ်​သည်။ ဤ​မုန့်​များ သည်​အာ​ရုန်​နှင့်​သူ​၏​သား​မြေး​များ​စား​ရန် အ​တွက်​ဖြစ်​သည်။ ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​သော​မုန့်​ဖြစ်​ခြင်း ကြောင့်​အ​လွန်​သန့်​ရှင်း​သ​ဖြင့်​သူ​တို့​သည်​ဤ မုန့်​ကို​သန့်​ရှင်း​သော​ဌာ​န​တော်​၌​စား​ရ​ကြ မည်။

10-11. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​စ​ခန်း​တွင် အီ​ဂျစ်​အ​မျိုး​သား​ဖ​ခင်​နှင့် ဣ​သ​ရေ​လ အ​မျိုး​သ​မီး​မိ​ခင်​တို့​မှ​ပေါက်​ဖွား​သူ​တစ် ယောက်​ရှိ​၏။ မိ​ခင်​သည်​ဒန်​အ​မျိုး​ထဲ​မှ​ဒိ​ဗ​ရိ ၏​သ​မီး​ရှေ​လော​မိတ်​ဖြစ်​သည်။ ထို​သူ​သည် စ​ခန်း​အ​တွင်း​၌​ဣ​သ​ရေ​လ​အ​မျိုး​သား တစ်​ဦး​နှင့်​ခိုက်​ရန်​ဖြစ်​ပွား​နေ​စဉ် ထာ​ဝ​ရ ဘု​ရား​၏​နာမ​တော်​ကို​ကျိန်​ဆဲ​၏။ ထို့​ကြောင့် သူ့​အား​မော​ရှေ​ထံ​သို့​ခေါ်​ဆောင်​ခဲ့​ကြ သ​ဖြင့်၊-

12. သူ့​ကို​ချုပ်​ထား​ပြီး​လျှင်​သူ​နှင့်​ပတ်​သက်​၍ ထာ​ဝ​ရ​ဘု​ရား​မည်​သို့​မိန့်​တော်​မူ​မည်​ကို စောင့်​ဆိုင်း​နေ​ကြ​၏။

13. ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-

14. ``ထို​သူ​ကို​စ​ခန်း​အ​ပြင်​သို့​ထုတ်​လော့။ သူ ကျိန်​ဆဲ​ခြင်း​ကို​ကြား​ရ​သူ​တိုင်း​သည်​သူ​၏ ဦး​ခေါင်း​ပေါ်​သို့​လက်​ကို​တင်​၍​ဟုတ်​မှန်​ကြောင်း သက်​သေ​ခံ​ရ​မည်။ ထို့​နောက်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​က​သူ့​အား​ခဲ​ဖြင့် ပစ်​သတ်​ရ​မည်။-

ဝတ်​ပြု 24