4. အောက်ဖော်ပြပါပွဲတော်များကိုသတ်မှတ် သောအချိန်အခါများတွင်ကျင်းပရမည် ဖြစ်ကြောင်းကြေညာလော့။
5. ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကိုချီး မွမ်းသည့်ပသခါပွဲတော်ကိုပထမလ၊ တစ်ဆယ့်လေးရက်နေ့၊ နေဝင်ချိန်တွင်စတင် ကျင်းပရမည်။-
6. တစ်ဆယ့်ငါးရက်မြောက်နေ့တွင်တဆေးမဲ့ မုန့်ပွဲတော်အစပြုသည်ဖြစ်၍ သင်တို့သည် ခုနစ်ရက်ပတ်လုံးတဆေးပါသောမုန့်ကို မစားရ။-
7. ပွဲတော်ပထမရက်၌သင်တို့သည်စုဝေး ဝတ်ပြုကိုးကွယ်ရမည်။ အသက်မွေးဝမ်း ကျောင်းအလုပ်ကိုမလုပ်ရ။-
8. ခုနစ်ရက်ပတ်လုံးထာဝရဘုရားအား ပူဇော် သကာကိုဆက်သရမည်။ သို့ရာတွင်သတ္တမ နေ့၌စုဝေးဝတ်ပြုကိုးကွယ်၍အသက်မွေး ဝမ်းကျောင်းအလုပ်ကိုမလုပ်ရ။
33-34. သစ်ခက်နေပွဲတော်သည်သတ္တမလ၊ တစ်ဆယ့် ငါးရက်နေ့မှအစပြု၍ခုနစ်ရက်ပတ်လုံး ကျင်းပသောပွဲတော်ဖြစ်သည်။-
35. ပွဲတော်ပထမနေ့၌အသက်မွေးဝမ်းကျောင်း အလုပ်ကိုမလုပ်ဘဲ ဝတ်ပြုကိုးကွယ်ရန်စု ဝေးရကြမည်။-
36. ခုနစ်ရက်ပတ်လုံးနေ့စဉ်ပူဇော်သကာကို ဆက်သရမည်။ အဋ္ဌမနေ့၌တစ်ဖန်ဝတ်ပြု ကိုးကွယ်ရန်စုဝေး၍ ပူဇော်သကာကိုဆက် သရမည်။ ထိုနေ့သည်ဝတ်ပြုကိုးကွယ်ရာ နေ့ဖြစ်သောကြောင့်အလုပ်မလုပ်ရ။
37. (ဤဘာသာရေးပွဲတော်များတွင် ထာဝရ ဘုရား၏ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းရန် သင်တို့သည်စုဝေးဝတ်ပြုကိုးကွယ်ခြင်း နှင့်မီးရှို့ရာပူဇော်သကာ၊ ဘောဇဉ်ပူဇော် သကာ၊ ယဇ်ပူဇော်ခြင်းစပျစ်ရည်ပူဇော် သကာများကိုသတ်မှတ်သောနေ့ရက်အလိုက် ပူဇော်ခြင်းကိုပြုလုပ်ရကြမည်။-
38. ဤပွဲတော်များသည်ပုံမှန်ဥပုသ်နေ့များ အပြင်ကျင်းပရသောပွဲတော်များဖြစ်၏။ ဤပူဇော်သကာများသည် ထာဝရဘုရား အားပုံမှန်ပူဇော်ခြင်း၊ သစ္စာဝတ်ဖြေရာ ပူဇော်ခြင်း၊ စေတနာအလျောက်ပူဇော် ခြင်းများအပြင်ပူဇော်ရသောပူဇော် သကာများဖြစ်သည်။)
39. သင်တို့ကောက်သိမ်းပြီးသောအခါ သစ်ခက်နေ ပွဲတော်ကိုသတ္တမလ၊ တစ်ဆယ့်ငါးရက်နေ့မှ အစပြု၍ ခုနစ်ရက်တိုင်တိုင်ကျင်းပရမည်။ ပွဲတော်ပထမနေ့ကိုအထူးနားရက်အဖြစ် သတ်မှတ်ရမည်။-
40. ထိုနေ့၌အကောင်းဆုံးသစ်သီးများ၊ စွန် ပလွံခက်များ၊ အရွက်ဝေဆာသောအကိုင်း အခက်များကိုယူ၍ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းသောပွဲတော် ကိုစတင်ကျင်းပလော့။-
41. ထိုပွဲတော်ကိုခုနစ်ရက်တိုင်တိုင်ဆင်ယင် ကျင်းပရမည်။ သင်တို့၏အဆက်အနွယ် တို့သည်ဤပညတ်ကိုထာဝစဉ်စောင့်ထိန်း ရကြမည်။-
42-43. ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အား အီဂျစ်ပြည်မှထုတ်ဆောင်သော အခါ၌ကိုယ်တော်သည် သူတို့အားသစ်ခက် တဲများတွင်နေထိုင်စေတော်မူကြောင်းကို သင်တို့၏အဆက်အနွယ်များသတိရ ကြစေခြင်းငှာ သင်တို့အပေါင်းသည်ခုနစ် ရက်ပတ်လုံးတဲများ၌နေထိုင်ရမည်။ ကိုယ် တော်သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားဖြစ်တော်မူ၏။
44. သို့ဖြစ်၍မောရှေသည်ဤနည်းအားဖြင့် ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းသည့်ပွဲတော်များနှင့်ဆိုင်သော ပညတ်များကိုဣသရေလအမျိုးသား တို့အားပြဋ္ဌာန်းပေးလေ၏။