ဝတ်​ပြု 23:23-24-33-34 Common Language Bible (BCL)

3. သင်​တို့​သည်​ခြောက်​ရက်​အ​လုပ်​လုပ်​၍ ဥ​ပုသ် နေ့​ဖြစ်​သော​သတ္တ​မ​နေ့​တွင်​အ​လုပ်​မှ​နား ရ​မည်။ ထို​နေ့​၌​အ​လုပ်​မ​လုပ်​ဘဲ​စု​ဝေး ဝတ်​ပြု​ကိုး​ကွယ်​ရ​မည်။ သင်​တို့​နေ​ထိုင်​ရာ မည်​သည့်​အ​ရပ်​၌​မ​ဆို​ဥ​ပုသ်​နေ့​ကို​စောင့်​ထိန်း လော့။-

23-24. သတ္တ​မ​လ၊ ပ​ထ​မ​နေ့​ရက်​ကို​အ​ထူး​နား ရက်​အ​ဖြစ်​သတ်​မှတ်​လော့။ ထို​နေ့​၌​တံ​ပိုး မှုတ်​သံ​ကို​ကြား​ရ​လျှင် ဝတ်​ပြု​ကိုး​ကွယ် ရန်​စု​ဝေး​ကြ​လော့။-

25. ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သ​ကာ​ကို ဆက်​သ​လော့။ အ​သက်​မွေး​ဝမ်း​ကျောင်း အ​လုပ်​ကို​မ​လုပ်​ရ။

26-27. နှစ်​စဉ်​သတ္တ​မ​လ၊ ဆယ်​ရက်​နေ့​၌​လူ​အ​ပေါင်း တို့​သည် အ​ပြစ်​ပြေ​ရာ​ဝတ်​ကို​ပြု​ရ​မည်။ ထို နေ့​၌​မည်​သည့်​အ​စား​အ​စာ​ကို​မျှ​မ​စား​ရ။ ဝတ်​ပြု​ကိုး​ကွယ်​ရန်​စု​ဝေး​၍ ထာ​ဝ​ရ​ဘု​ရား အား​ပူ​ဇော်​သ​ကာ​ကို​ဆက်​သ​ရ​မည်။-

28. ထို​နေ့​သည်​အ​ပြစ်​ပြေ​ရာ​ဝတ်​ကို​ပြု​ရာ နေ့​ဖြစ်​သော​ကြောင့်​အ​လုပ်​မ​လုပ်​ရ။-

29. ထို​နေ့​၌​အ​စား​အ​စာ​တစ်​စုံ​တစ်​ခု​ကို​စား သော​သူ​အား ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​မှ ထုတ်​ပယ်​ရ​မည်။-

30. ထို​နေ့​၌​အ​လုပ်​လုပ်​သော​သူ​အား ထာ​ဝ​ရ ဘု​ရား​ကိုယ်​တော်​တိုင်​သေ​ဒဏ်​စီ​ရင်​မည်။-

31. သင်​တို့​၏​အ​ဆက်​အ​နွယ်​များ​သည်​မည်​သည့် အ​ရပ်​တွင်​နေ​ထိုင်​သည်​မ​ဆို ဤ​ပ​ညတ်​ကို စောင့်​ထိန်း​ရ​မည်။-

32. ထို​လ​ကိုး​ရက်​နေ​ဝင်​ချိန်​မှ​ဆယ်​ရက်​နေ့​နေ​ဝင် ချိန်​အ​ထိ​အ​ထူး​နား​ရက်​အ​ဖြစ်​သတ်​မှတ်​ရ မည်။ ထို​ရက်​အ​တွင်း​မည်​သည့်​အ​စား​အ​စာ ကို​မျှ​မ​စား​ရ။

33-34. သစ်​ခက်​နေ​ပွဲ​တော်​သည်​သတ္တမ​လ၊ တစ်​ဆယ့် ငါး​ရက်​နေ့​မှ​အ​စ​ပြု​၍​ခု​နစ်​ရက်​ပတ်​လုံး ကျင်း​ပ​သော​ပွဲ​တော်​ဖြစ်​သည်။-

ဝတ်​ပြု 23