19. ထို့အပြင်အပြစ်ဖြေရာယဇ်အဖြစ်ဆိတ် ထီးတစ်ကောင်ကိုလည်းကောင်း၊ မိတ်သဟာယ ယဇ်အဖြစ် တစ်နှစ်သားသိုးကလေးနှစ်ကောင် ကိုလည်းကောင်းပူဇော်ရမည်။-
20. ယဇ်ပုရောဟိတ်သည်မုန့်နှင့်သိုးကလေး နှစ်ကောင်ကို ယဇ်ပုရောဟိတ်များအတွက် ထာဝရဘုရားအား အထူးပူဇော်သကာ အဖြစ်ဆက်သရမည်။ ဤပူဇော်သကာ တို့သည်သန့်ရှင်း၏။-
21. ထိုနေ့၌အသက်မွေးဝမ်းကျောင်းအလုပ် ကိုမလုပ်ဘဲ စုဝေးဝတ်ပြုကိုးကွယ်ရကြ မည်။ သင်တို့၏အဆက်အနွယ်များသည် မည်သည့်အရပ်တွင်နေထိုင်သည်မဆို ဤ ပညတ်ကိုထာဝစဉ်စောင့်ထိန်းရကြမည်။-
22. ကောက်ရိတ်သည့်အခါလယ်ကွက်အနားတစ် လျှောက်ရှိကောက်ပင်များကိုမရိတ်နှင့်၊ ကျန် ကြွင်းသောကောက်နှံများကိုပြန်ကျော့၍မ ရိတ်ရ။ ထိုကောက်ပင်အကျန်အကြွင်းများ ကိုဆင်းရဲသားနှင့်လူမျိုးခြားတို့အတွက် ချန်ထားရမည်။ ထာဝရဘုရားသည် သင်တို့ ၏ဘုရားသခင်ဖြစ်တော်မူ၏။
23-24. သတ္တမလ၊ ပထမနေ့ရက်ကိုအထူးနား ရက်အဖြစ်သတ်မှတ်လော့။ ထိုနေ့၌တံပိုး မှုတ်သံကိုကြားရလျှင် ဝတ်ပြုကိုးကွယ် ရန်စုဝေးကြလော့။-
25. ထာဝရဘုရားအားပူဇော်သကာကို ဆက်သလော့။ အသက်မွေးဝမ်းကျောင်း အလုပ်ကိုမလုပ်ရ။
26-27. နှစ်စဉ်သတ္တမလ၊ ဆယ်ရက်နေ့၌လူအပေါင်း တို့သည် အပြစ်ပြေရာဝတ်ကိုပြုရမည်။ ထို နေ့၌မည်သည့်အစားအစာကိုမျှမစားရ။ ဝတ်ပြုကိုးကွယ်ရန်စုဝေး၍ ထာဝရဘုရား အားပူဇော်သကာကိုဆက်သရမည်။-
28. ထိုနေ့သည်အပြစ်ပြေရာဝတ်ကိုပြုရာ နေ့ဖြစ်သောကြောင့်အလုပ်မလုပ်ရ။-
29. ထိုနေ့၌အစားအစာတစ်စုံတစ်ခုကိုစား သောသူအား ဘုရားသခင်၏လူမျိုးတော်မှ ထုတ်ပယ်ရမည်။-
30. ထိုနေ့၌အလုပ်လုပ်သောသူအား ထာဝရ ဘုရားကိုယ်တော်တိုင်သေဒဏ်စီရင်မည်။-