9. ``ယဇ်ပုရောဟိတ်အားလုံးတို့သည် ငါ၏ ပညတ်များကိုလိုက်နာရကြမည်။ ယင်းသို့ မလိုက်နာလျှင်ပညတ်တော်များကိုချိုး ဖောက်သောကြောင့် သူတို့သည်အပြစ်ကူး လွန်သဖြင့်သေရကြမည်။ ငါသည်ထာဝရ ဘုရားဖြစ်၏။ ငါသည်သူတို့ကိုသန့်ရှင်း စေတော်မူ၏။
10. ``ယဇ်ပုရောဟိတ်၏မိသားစု၌ပါဝင်သူ သာလျှင် သန့်ရှင်းသောပူဇော်သကာကိုစား နိုင်သည်။ ယဇ်ပုရောဟိတ်နှင့်အတူနေထိုင် သောသူနှင့်၊ သူငှားတို့သည်ပူဇော်သကာ ကိုမစားရ။-
11. သို့ရာတွင်မိမိငွေဖြင့်ဝယ်သောကျွန်သို့ မဟုတ် မိမိအိမ်၌မွေးဖွားသောကျွန်တို့ သည်ယဇ်ပုရောဟိတ်၏အစားအစာကို စားနိုင်သည်။-
12. ယဇ်ပုရောဟိတ်မဟုတ်သူတစ်ယောက်နှင့် ထိမ်းမြားစုံဖက်သော ယဇ်ပုရောဟိတ်၏ သမီးသည်သန့်ရှင်းသောပူဇော်သကာ ကိုမစားရ။-
13. သို့ရာတွင်ယဇ်ပုရောဟိတ်၏သမီးသည် ခင်ပွန်းသေလျှင်ဖြစ်စေ၊ ခင်ပွန်းနှင့်ကွာရှင်း ပြီးလျှင်ဖြစ်စေသားသမီးမရှိသဖြင့် ဖခင်အိမ်သို့ပြန်ရောက်နေထိုင်ခဲ့သည်ရှိ သော်ဖခင်၏အစားအစာကိုစားနိုင် သည်။ ယဇ်ပုရောဟိတ်၏မိသားစု၌ပါဝင် သူသာလျှင်ပူဇော်သကာကိုစားနိုင်သည်။
14. ``ယဇ်ပုရောဟိတ်၏မိသားစု၌မပါဝင် သူသည် သန့်ရှင်းသောပူဇော်သကာကိုအမှတ် မဲ့စားမိလျှင် ယဇ်ပုရောဟိတ်အားထိုအစား အစာ၏တန်ဖိုးအပြင် နှစ်ဆယ်ရာခိုင်နှုန်း ထပ်ဆောင်း၍ပေးလျော်ရမည်။-
19. အနာအဆာကင်းသောယဇ်ကောင်အထီး ကိုသာငါလက်ခံမည်၊-
20. သင်တို့သည်အနာအဆာရှိသောယဇ်ကောင် ကိုပူဇော်လျှင် ငါလက်ခံမည်မဟုတ်၊-
21. တစ်စုံတစ်ယောက်သည်ငါ့အားမိတ်သဟာယ ယဇ်ပူဇော်သည့်အခါ ကတိသစ္စာအလျောက် ပူဇော်လျှင်ဖြစ်စေ၊ စေတနာအလျောက် ပူဇော်လျှင်ဖြစ်စေ၊ ငါလက်ခံနိုင်ရန် ယဇ်ကောင်တွင်အနာအဆာကင်းရမည်။-
22. မျက်စိကန်းသောတိရစ္ဆာန်၊ ခြေလက်ပြတ် သောတိရစ္ဆာန်၊ ပြည်ထွက်သောအနာရှိသည့် တိရစ္ဆာန်၊ အရေပြားတွင်ယားနာ၊ ဝဲနာစွဲ သောတိရစ္ဆာန်တို့ကိုပလ္လင်ပေါ်တွင်မီးရှို့ မပူဇော်ရ။-
23. ပုကွသောတိရစ္ဆာန်သို့မဟုတ်ပုံပန်းမကျ သောတိရစ္ဆာန်ကို မိမိစေတနာအလျောက် ပူဇော်သောယဇ်အဖြစ်ဆက်သနိုင်သော် လည်း ကတိသစ္စာအလျောက်ပူဇော်သော ယဇ်အဖြစ်မဆက်သနိုင်။-
24. ဝှေးစေ့များကိုထုချေခြင်း၊ လှီးဖြတ်ခြင်း၊ အနာတရဖြစ်ခြင်း၊ စုတ်ပြတ်ခြင်းခံရ သောတိရစ္ဆာန်ကိုငါ့အားမပူဇော်ရ။ သင် တို့ပြည်တွင်ထိုကဲ့သို့သောတိရစ္ဆာန်များ ကိုမပူဇော်ရ။