ဝတ်​ပြု 22:5-11 Common Language Bible (BCL)

5. မ​သန့်​စင်​သော​တိ​ရစ္ဆာန်​သို့​မ​ဟုတ်​လူ​ကို ထိ​မိ​လျှင်​သော်​လည်း​ကောင်း မ​သန့်​စင်​ဘဲ ဖြစ်​လိမ့်​မည်။-

6. ထို​သို့​သော​ယဇ်​ပု​ရော​ဟိတ်​သည်​ည​ဦး​တိုင် အောင်​မသန့်​စင်​ချေ။ သူ​သည်​ရေ​ချိုး​ပြီး​မှ ငါ့​အား​ဆက်​ကပ်​သော​ပူ​ဇော်​သ​ကာ​ကို စား​နိုင်​သည်။-

7. နေ​ဝင်​ပြီး​လျှင်​သူ​သည်​သန့်​စင်​လာ​သ​ဖြင့် သူ​၏​စား​စ​ရာ​ဖြစ်​သော​ပူ​ဇော်​သ​ကာ ကို​စား​နိုင်​သည်။-

8. သူ​သည်​သ​ဘာ​ဝ​အ​လျောက်​သေ​သော တိ​ရစ္ဆာန်​သို့​မ​ဟုတ်​သား​ရဲ​ကိုက်​သတ်​၍​သေ သော​တိ​ရစ္ဆာန်​၏​အ​သား​ကို​မ​စား​ရ။ ယင်း သို့​စား​လျှင်​သူ​သည်​မ​သန့်​စင်​ချေ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။

9. ``ယဇ်​ပု​ရော​ဟိတ်​အား​လုံး​တို့​သည် ငါ​၏ ပ​ညတ်​များ​ကို​လိုက်​နာ​ရ​ကြ​မည်။ ယင်း​သို့ မ​လိုက်​နာ​လျှင်​ပ​ညတ်​တော်​များ​ကို​ချိုး ဖောက်​သော​ကြောင့် သူ​တို့​သည်​အ​ပြစ်​ကူး လွန်​သ​ဖြင့်​သေ​ရ​ကြ​မည်။ ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​၏။ ငါ​သည်​သူ​တို့​ကို​သန့်​ရှင်း စေ​တော်​မူ​၏။

10. ``ယဇ်​ပု​ရော​ဟိတ်​၏​မိ​သား​စု​၌​ပါ​ဝင်​သူ သာ​လျှင် သန့်​ရှင်း​သော​ပူ​ဇော်​သ​ကာ​ကို​စား နိုင်​သည်။ ယဇ်​ပု​ရော​ဟိတ်​နှင့်​အ​တူ​နေ​ထိုင် သော​သူ​နှင့်၊ သူ​ငှား​တို့​သည်​ပူ​ဇော်​သ​ကာ ကို​မ​စား​ရ။-

11. သို့​ရာ​တွင်​မိ​မိ​ငွေ​ဖြင့်​ဝယ်​သော​ကျွန်​သို့ မ​ဟုတ် မိ​မိ​အိမ်​၌​မွေး​ဖွား​သော​ကျွန်​တို့ သည်​ယဇ်​ပု​ရော​ဟိတ်​၏​အ​စား​အ​စာ​ကို စား​နိုင်​သည်။-

ဝတ်​ပြု 22