ဝတ်​ပြု 22:3-15-16 Common Language Bible (BCL)

10. ``ယဇ်​ပု​ရော​ဟိတ်​၏​မိ​သား​စု​၌​ပါ​ဝင်​သူ သာ​လျှင် သန့်​ရှင်း​သော​ပူ​ဇော်​သ​ကာ​ကို​စား နိုင်​သည်။ ယဇ်​ပု​ရော​ဟိတ်​နှင့်​အ​တူ​နေ​ထိုင် သော​သူ​နှင့်၊ သူ​ငှား​တို့​သည်​ပူ​ဇော်​သ​ကာ ကို​မ​စား​ရ။-

11. သို့​ရာ​တွင်​မိ​မိ​ငွေ​ဖြင့်​ဝယ်​သော​ကျွန်​သို့ မ​ဟုတ် မိ​မိ​အိမ်​၌​မွေး​ဖွား​သော​ကျွန်​တို့ သည်​ယဇ်​ပု​ရော​ဟိတ်​၏​အ​စား​အ​စာ​ကို စား​နိုင်​သည်။-

12. ယဇ်​ပု​ရော​ဟိတ်​မ​ဟုတ်​သူ​တစ်​ယောက်​နှင့် ထိမ်း​မြား​စုံ​ဖက်​သော ယဇ်​ပု​ရော​ဟိတ်​၏ သ​မီး​သည်​သန့်​ရှင်း​သော​ပူ​ဇော်​သ​ကာ ကို​မ​စား​ရ။-

13. သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​၏​သ​မီး​သည် ခင်​ပွန်း​သေ​လျှင်​ဖြစ်​စေ၊ ခင်​ပွန်း​နှင့်​ကွာ​ရှင်း ပြီး​လျှင်​ဖြစ်​စေ​သား​သ​မီး​မ​ရှိ​သ​ဖြင့် ဖ​ခင်​အိမ်​သို့​ပြန်​ရောက်​နေ​ထိုင်​ခဲ့​သည်​ရှိ သော်​ဖ​ခင်​၏​အ​စား​အ​စာ​ကို​စား​နိုင် သည်။ ယဇ်​ပု​ရော​ဟိတ်​၏​မိ​သား​စု​၌​ပါ​ဝင် သူ​သာ​လျှင်​ပူ​ဇော်​သ​ကာ​ကို​စား​နိုင်​သည်။

14. ``ယဇ်​ပု​ရော​ဟိတ်​၏​မိ​သား​စု​၌​မ​ပါ​ဝင် သူ​သည် သန့်​ရှင်း​သော​ပူ​ဇော်​သ​ကာ​ကို​အ​မှတ် မဲ့​စား​မိ​လျှင် ယဇ်​ပု​ရော​ဟိတ်​အား​ထို​အ​စား အ​စာ​၏​တန်​ဖိုး​အ​ပြင် နှစ်​ဆယ်​ရာ​ခိုင်​နှုန်း ထပ်​ဆောင်း​၍​ပေး​လျော်​ရ​မည်။-

ဝတ်​ပြု 22