ဝတ်​ပြု 22:26-27-32 Common Language Bible (BCL)

3. သင်​၏​အ​ဆက်​အ​နွယ်​ထဲ​မှ​ဘာ​သာ​ရေး​ထုံး နည်း​အ​ရ​မ​သန့်​ရှင်း​သူ​သည်၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့ ငါ့​အား​ဆက်​ကပ်​သော​ပူ​ဇော် သ​ကာ​များ​အ​နီး​သို့​ချဉ်း​ကပ်​မိ​လျှင် သူ သည်​နောက်​တစ်​ဖန်​ယဇ်​ပလ္လင်​နှင့်​ဆိုင်​သော​ဝတ် ကို​မ​ဆောင်​ရွက်​ရ။ ဤ​ပ​ညတ်​ကို​သင်​တို့ ထာ​ဝ​စဉ်​လိုက်​နာ​ရ​ကြ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။

4. ``အာ​ရုန်​၏​အ​ဆက်​အ​နွယ်​ထဲ​မှ ကိုယ်​ရေ​ပြား ရော​ဂါ​စွဲ​သော​သူ​ဖြစ်​စေ၊ ရိ​နာ​စွဲ​သူ​ဖြစ်​စေ၊ ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု​မ​ရ​ရှိ မီ ငါ့​အား​ဆက်​ကပ်​သော​ပူ​ဇော်​သ​ကာ​များ ကို​မ​စား​ရ။ ယဇ်​ပု​ရော​ဟိတ်​သည်​လူ​သေ​နှင့် ထိ​၍ မ​သန့်​စင်​သော​အ​ရာ​ရှိ​သ​မျှ​ကို​ကိုင် တွယ်​မိ​လျှင်​သော်​လည်း​ကောင်း၊ သုက်​ရည်​ယို လျှင်​သော်​လည်း​ကောင်း၊-

5. မ​သန့်​စင်​သော​တိ​ရစ္ဆာန်​သို့​မ​ဟုတ်​လူ​ကို ထိ​မိ​လျှင်​သော်​လည်း​ကောင်း မ​သန့်​စင်​ဘဲ ဖြစ်​လိမ့်​မည်။-

6. ထို​သို့​သော​ယဇ်​ပု​ရော​ဟိတ်​သည်​ည​ဦး​တိုင် အောင်​မသန့်​စင်​ချေ။ သူ​သည်​ရေ​ချိုး​ပြီး​မှ ငါ့​အား​ဆက်​ကပ်​သော​ပူ​ဇော်​သ​ကာ​ကို စား​နိုင်​သည်။-

7. နေ​ဝင်​ပြီး​လျှင်​သူ​သည်​သန့်​စင်​လာ​သ​ဖြင့် သူ​၏​စား​စ​ရာ​ဖြစ်​သော​ပူ​ဇော်​သ​ကာ ကို​စား​နိုင်​သည်။-

8. သူ​သည်​သ​ဘာ​ဝ​အ​လျောက်​သေ​သော တိ​ရစ္ဆာန်​သို့​မ​ဟုတ်​သား​ရဲ​ကိုက်​သတ်​၍​သေ သော​တိ​ရစ္ဆာန်​၏​အ​သား​ကို​မ​စား​ရ။ ယင်း သို့​စား​လျှင်​သူ​သည်​မ​သန့်​စင်​ချေ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။

9. ``ယဇ်​ပု​ရော​ဟိတ်​အား​လုံး​တို့​သည် ငါ​၏ ပ​ညတ်​များ​ကို​လိုက်​နာ​ရ​ကြ​မည်။ ယင်း​သို့ မ​လိုက်​နာ​လျှင်​ပ​ညတ်​တော်​များ​ကို​ချိုး ဖောက်​သော​ကြောင့် သူ​တို့​သည်​အ​ပြစ်​ကူး လွန်​သ​ဖြင့်​သေ​ရ​ကြ​မည်။ ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​၏။ ငါ​သည်​သူ​တို့​ကို​သန့်​ရှင်း စေ​တော်​မူ​၏။

26-27. သိုး၊ နွား၊ ဆိတ်​သား​ပေါက်​များ​ကို မိ​ခင်​နှင့် ခု​နစ်​ရက်​နေ​စေ​ပြီး​မှ​သာ ပူ​ဇော်​သ​ကာ အ​ဖြစ်​ပူ​ဇော်​နိုင်​သည်။-

28. နွား​မ​နှင့်​၎င်း​၏​သား​ပေါက်​ကို​ဖြစ်​စေ၊ သိုး မ​နှင့်​၎င်း​၏​သား​ပေါက်​ကို​ဖြစ်​စေ၊ ဆိတ်​မ​နှင့် ၎င်း​၏​သား​ပေါက်​ကို​ဖြစ်​စေ​တစ်​နေ့​တည်း မ​ပူ​ဇော်​ရ။-

29. သင်​တို့​သည်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ယဇ် ကို​ပူ​ဇော်​သော​အ​ခါ သင်​တို့​ထာ​ဝ​ရ​ဘု​ရား ၏​စိတ်​တော်​နှင့်​တွေ့​နိုင်​ရန်​ပြ​ဋ္ဌာန်း​ချက်​များ အ​တိုင်း​ပူ​ဇော်​ရ​မည်။-

30. ယဇ်​ကောင်​၏​အ​သား​ကို​နေ့​ချင်း​စား​ရ​မည်။ နက်​ဖြန်​နံ​နက်​အ​ထိ​မ​ကြွင်း​ကျန်​စေ​ရ။

31. ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​ပ​ညတ်​များ​ကို လိုက်​နာ​ကြ​လော့။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။-

32. ငါ​၏​နာ​မ​တော်​ကို​မ​ရှုတ်​ချ​ရ။ ငါ​သည် သန့်​ရှင်း​တော်​မူ​ကြောင်း​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​သည်​သိ​မှတ်​ဝန်​ခံ​ရ​ကြ မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို သန့်​ရှင်း​စေ​တော်​မူ​၏။-

ဝတ်​ပြု 22