1-2. ထာဝရဘုရားသည် မောရှေမှတစ်ဆင့်အာရုန် နှင့်သူ၏သားတို့အား``သင်တို့သည်ငါ၏နာမ တော်ကိုမရှုတ်ချမိစေရန် ဣသရေလအမျိုး သားတို့ပူဇော်သောပူဇော်သကာကို ငါ့အား ဆက်သရာ၌ရိုသေလေးစားမှုရှိရမည်။ ငါ သည်ထာဝရဘုရားဖြစ်တော်မူ၏။-
3. သင်၏အဆက်အနွယ်ထဲမှဘာသာရေးထုံး နည်းအရမသန့်ရှင်းသူသည်၊ ဣသရေလ အမျိုးသားတို့ ငါ့အားဆက်ကပ်သောပူဇော် သကာများအနီးသို့ချဉ်းကပ်မိလျှင် သူ သည်နောက်တစ်ဖန်ယဇ်ပလ္လင်နှင့်ဆိုင်သောဝတ် ကိုမဆောင်ရွက်ရ။ ဤပညတ်ကိုသင်တို့ ထာဝစဉ်လိုက်နာရကြမည်။ ငါသည် ထာဝရဘုရားဖြစ်တော်မူ၏။
4. ``အာရုန်၏အဆက်အနွယ်ထဲမှ ကိုယ်ရေပြား ရောဂါစွဲသောသူဖြစ်စေ၊ ရိနာစွဲသူဖြစ်စေ၊ ဘာသာရေးထုံးနည်းအရသန့်စင်မှုမရရှိ မီ ငါ့အားဆက်ကပ်သောပူဇော်သကာများ ကိုမစားရ။ ယဇ်ပုရောဟိတ်သည်လူသေနှင့် ထိ၍ မသန့်စင်သောအရာရှိသမျှကိုကိုင် တွယ်မိလျှင်သော်လည်းကောင်း၊ သုက်ရည်ယို လျှင်သော်လည်းကောင်း၊-
5. မသန့်စင်သောတိရစ္ဆာန်သို့မဟုတ်လူကို ထိမိလျှင်သော်လည်းကောင်း မသန့်စင်ဘဲ ဖြစ်လိမ့်မည်။-
6. ထိုသို့သောယဇ်ပုရောဟိတ်သည်ညဦးတိုင် အောင်မသန့်စင်ချေ။ သူသည်ရေချိုးပြီးမှ ငါ့အားဆက်ကပ်သောပူဇော်သကာကို စားနိုင်သည်။-
7. နေဝင်ပြီးလျှင်သူသည်သန့်စင်လာသဖြင့် သူ၏စားစရာဖြစ်သောပူဇော်သကာ ကိုစားနိုင်သည်။-
8. သူသည်သဘာဝအလျောက်သေသော တိရစ္ဆာန်သို့မဟုတ်သားရဲကိုက်သတ်၍သေ သောတိရစ္ဆာန်၏အသားကိုမစားရ။ ယင်း သို့စားလျှင်သူသည်မသန့်စင်ချေ။ ငါသည် ထာဝရဘုရားဖြစ်တော်မူ၏။
9. ``ယဇ်ပုရောဟိတ်အားလုံးတို့သည် ငါ၏ ပညတ်များကိုလိုက်နာရကြမည်။ ယင်းသို့ မလိုက်နာလျှင်ပညတ်တော်များကိုချိုး ဖောက်သောကြောင့် သူတို့သည်အပြစ်ကူး လွန်သဖြင့်သေရကြမည်။ ငါသည်ထာဝရ ဘုရားဖြစ်၏။ ငါသည်သူတို့ကိုသန့်ရှင်း စေတော်မူ၏။
10. ``ယဇ်ပုရောဟိတ်၏မိသားစု၌ပါဝင်သူ သာလျှင် သန့်ရှင်းသောပူဇော်သကာကိုစား နိုင်သည်။ ယဇ်ပုရောဟိတ်နှင့်အတူနေထိုင် သောသူနှင့်၊ သူငှားတို့သည်ပူဇော်သကာ ကိုမစားရ။-