ဝတ်​ပြု 22:19-24 Common Language Bible (BCL)

19. အ​နာ​အ​ဆာ​ကင်း​သော​ယဇ်​ကောင်​အ​ထီး ကို​သာ​ငါ​လက်​ခံ​မည်၊-

20. သင်​တို့​သည်​အ​နာ​အ​ဆာ​ရှိ​သော​ယဇ်​ကောင် ကို​ပူ​ဇော်​လျှင် ငါ​လက်​ခံ​မည်​မ​ဟုတ်၊-

21. တစ်​စုံ​တစ်​ယောက်​သည်​ငါ့​အား​မိတ်​သ​ဟာ​ယ ယဇ်​ပူ​ဇော်​သည့်​အ​ခါ က​တိ​သစ္စာ​အ​လျောက် ပူ​ဇော်​လျှင်​ဖြစ်​စေ၊ စေ​တ​နာ​အ​လျောက် ပူ​ဇော်​လျှင်​ဖြစ်​စေ၊ ငါ​လက်​ခံ​နိုင်​ရန် ယဇ်​ကောင်​တွင်​အ​နာ​အ​ဆာ​ကင်း​ရ​မည်။-

22. မျက်​စိ​ကန်း​သော​တိ​ရစ္ဆာန်၊ ခြေ​လက်​ပြတ် သော​တိ​ရစ္ဆာန်၊ ပြည်​ထွက်​သော​အ​နာ​ရှိ​သည့် တိ​ရစ္ဆာန်၊ အ​ရေ​ပြား​တွင်​ယား​နာ၊ ဝဲ​နာ​စွဲ သော​တိ​ရစ္ဆာန်​တို့​ကို​ပလ္လင်​ပေါ်​တွင်​မီး​ရှို့ မ​ပူ​ဇော်​ရ။-

23. ပု​ကွ​သော​တိ​ရစ္ဆာန်​သို့​မ​ဟုတ်​ပုံ​ပန်း​မ​ကျ သော​တိ​ရစ္ဆာန်​ကို မိ​မိ​စေ​တ​နာ​အ​လျောက် ပူ​ဇော်​သော​ယဇ်​အ​ဖြစ်​ဆက်​သ​နိုင်​သော် လည်း က​တိ​သစ္စာ​အ​လျောက်​ပူ​ဇော်​သော ယဇ်​အ​ဖြစ်​မ​ဆက်​သ​နိုင်။-

24. ဝှေး​စေ့​များ​ကို​ထု​ချေ​ခြင်း၊ လှီး​ဖြတ်​ခြင်း၊ အ​နာ​တ​ရ​ဖြစ်​ခြင်း၊ စုတ်​ပြတ်​ခြင်း​ခံ​ရ သော​တိ​ရစ္ဆာန်​ကို​ငါ့​အား​မ​ပူ​ဇော်​ရ။ သင် တို့​ပြည်​တွင်​ထို​ကဲ့​သို့​သော​တိ​ရစ္ဆာန်​များ ကို​မ​ပူ​ဇော်​ရ။

ဝတ်​ပြု 22