7. သူသည်သန့်ရှင်းသူဖြစ်သောကြောင့် ပြည့် တန်ဆာမကိုသော်လည်းကောင်း၊ အပျို ရည်ပျက်သောမိန်းမကိုသော်လည်းကောင်း၊ လင်ကွာမိန်းမကိုသော်လည်းကောင်းမစုံ ဖက်ရ။-
8. သူသည်ငါ့အားပူဇော်သကာကိုဆက်သ ရသူဖြစ်သဖြင့် လူတို့သည်သူ့ကိုသန့်ရှင်း သူဟူ၍မှတ်ယူရမည်။ ငါသည်ထာဝရ ဘုရားဖြစ်၏။ ငါသည်သန့်ရှင်းတော်မူသဖြင့် ငါ၏လူမျိုးတော်ကိုသန့်ရှင်းစေတော်မူ၏။-
9. ယဇ်ပုရောဟိတ်၏သမီးသည်ပြည့်တန်ဆာ အလုပ်ကိုလုပ်လျှင် မိမိအဘ၏အသရေ ကိုရှုတ်ချသောကြောင့်သူ့ကိုမီးရှို့သတ်ရ မည်။
10. ယဇ်ပုရောဟိတ်မင်းသည်ဦးခေါင်းပေါ်တွင် ဆီလောင်း၍ ဘိသိက်ခံလျက်ယဇ်ပုရောဟိတ် ဝတ်စုံကိုဝတ်ဆင်ထားသူဖြစ်သောကြောင့် ဝမ်းနည်းသည့်အနေဖြင့် မိမိဆံပင်ကို ဖားလျားမချရ။ မိမိ၏အဝတ်ကိုလည်း မဆုတ်မဖြဲရ။-
13. သူသည်အပျိုစင်နှင့်ထိမ်းမြားစုံဖက်ရမည်။-
14. မုဆိုးမ၊ လင်ကွာမိန်းမ၊ ပြည့်တန်ဆာမ တို့နှင့်ထိမ်းမြားစုံဖက်ခြင်းမပြုရ။ သူ သည်မိမိအမျိုးအနွယ်ထဲမှအပျိုစင် ကိုသာထိမ်းမြားစုံဖက်ရမည်။-
15. ဤအတိုင်းမကျင့်လျှင်သူ၏သားသမီး တို့သည် သန့်ရှင်းသင့်ပါလျက်နှင့်မသန့် ရှင်းသူများဖြစ်ကြလိမ့်မည်။ ငါထာဝရ ဘုရားသည်သူ့အား ယဇ်ပုရောဟိတ်မင်း အဖြစ်ခွဲခန့်မှတ်သားတော်မူပြီ။
21. အာရုန်၏အဆက်အနွယ်ထဲမှကိုယ်အင်္ဂါ တစ်စုံတစ်ခုချွတ်ယွင်းနေသောယဇ်ပုရော ဟိတ်သည် ငါ့အားပူဇော်သကာမဆက်သရ။-