ဝတ်​ပြု 21:22-24 Common Language Bible (BCL)

22. ထို​သို့​သော​ယဇ်​ပု​ရော​ဟိတ်​သည် ငါ့​အား ဆက်​သ​သော​သန့်​ရှင်း​သည့်​ပူ​ဇော်​သ​ကာ ကို​သော်​လည်း​ကောင်း၊ အ​လွန်​သန့်​ရှင်း​သည့် ပူ​ဇော်​သ​ကာ​ကို​သော်​လည်း​ကောင်း​စား သုံး​နိုင်​သည်။-

23. သို့​ရာ​တွင်​သူ​၏​ကိုယ်​အင်္ဂါ​ချွတ်​ယွင်း​နေ သော​ကြောင့် ကန့်​လန့်​ကာ​တော်​အ​နီး​သို့​လည်း ကောင်း၊ ယဇ်​ပလ္လင်​တော်​အ​နီး​သို့​လည်း​ကောင်း မ​ချဉ်း​ကပ်​ရ။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​၏။ ငါ​သည်​ထို​ကန့်​လန့်​ကာ​တော်​နှင့်​ယဇ် ပလ္လင်​တော်​တို့​ကို​သန့်​ရှင်း​စေ​သော​ကြောင့် သူ သည်​ယင်း​တို့​ကို​မ​ညစ်​ညမ်း​စေ​ရ'' ဟု မိန့်​တော်​မူ​၏။

24. မော​ရှေ​သည်​အာ​ရုန်​နှင့်​တ​ကွ​သူ​၏​သား​များ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ဆင့်​ဆို​သော​ပ​ညတ်​များ​သည်​ကား​အ​ထက် ပါ​အ​တိုင်း​ဖြစ်​သ​တည်း။

ဝတ်​ပြု 21