ဝတ်​ပြု 21:1-3-14 Common Language Bible (BCL)

1-3. ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​မှ​တစ်​ဆင့် အာ​ရုန်​မှ​ဆင်း​သက်​သော​ယဇ်​ပု​ရော​ဟိတ် တို့​အား​အောက်​ပါ​အ​တိုင်း​မိန့်​တော်​မူ​သည်။ ယဇ်​ပု​ရော​ဟိတ်​သည်​မိ​မိ​၏​အ​မိ​အ​ဖ၊ သား သ​မီး၊ ညီ​အစ်​ကို၊ မိ​မိ​နှင့်​အ​တူ​နေ​ထိုင် သော​အိမ်​ထောင်​မ​ကျ​သေး​သည့်​ညီ​အစ်​မ စ​သည်​တို့​မှ​လွဲ​၍​အ​ခြား​ဆွေ​မျိုး​သား ချင်း​တို့​၏​အ​သု​ဘ​ကိစ္စ​များ​၌​ပါ​ဝင် ဆောင်​ရွက်​ခြင်း​အား​ဖြင့်​ဘာ​သာ​ရေး ထုံး​နည်း​အ​ရ​မိ​မိ​ကိုယ်​ကို​မ​ညစ် ညမ်း​စေ​ရ။-

4. သူ​သည်​မိ​မိ​ဇ​နီး​၏​ဆွေ​မျိုး​သား​ချင်း အ​သု​ဘ​တွင်​ပါ​ဝင်​၍ မိ​မိ​ကိုယ်​ကို​မ​ညစ် ညမ်း​စေ​ရ။

5. ယဇ်​ပု​ရော​ဟိတ်​သည်​သေ​ဆုံး​သူ​အ​တွက် ဝမ်း နည်း​သည့်​အ​နေ​ဖြင့်​ဆံ​ပင်​ကို​ကွက်​ကျား မ​ရိတ်​ရ။ မုတ်​ဆိတ်​မွေး​ကို​လည်း​မ​ညှပ်​ရ။ မိ​မိ​ကိုယ်​ကို​လည်း​မ​လှီး​မ​ရှ​ရ။-

6. သူ​သည်​သန့်​ရှင်း​ရ​မည်။ ငါ​၏​နာ​မ​တော် ကို​မ​ရှုတ်​ချ​ရ။ သူ​သည်​ငါ့​အား​ပူ​ဇော် သကာ​ကို​ဆက်​သ​ရ​သူ​ဖြစ်​၍​သန့်​ရှင်း ရ​မည်။-

7. သူ​သည်​သန့်​ရှင်း​သူ​ဖြစ်​သော​ကြောင့် ပြည့် တန်​ဆာ​မ​ကို​သော်​လည်း​ကောင်း၊ အ​ပျို ရည်​ပျက်​သော​မိန်း​မ​ကို​သော်​လည်း​ကောင်း၊ လင်​ကွာ​မိန်း​မ​ကို​သော်​လည်း​ကောင်း​မ​စုံ ဖက်​ရ။-

8. သူ​သည်​ငါ့​အား​ပူ​ဇော်​သ​ကာ​ကို​ဆက်​သ ရ​သူ​ဖြစ်​သ​ဖြင့် လူ​တို့​သည်​သူ့​ကို​သန့်​ရှင်း သူ​ဟူ​၍​မှတ်​ယူ​ရ​မည်။ ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​၏။ ငါ​သည်​သန့်​ရှင်း​တော်​မူ​သ​ဖြင့် ငါ​၏​လူ​မျိုး​တော်​ကို​သန့်​ရှင်း​စေ​တော်​မူ​၏။-

9. ယဇ်​ပု​ရော​ဟိတ်​၏​သ​မီး​သည်​ပြည့်​တန်​ဆာ အ​လုပ်​ကို​လုပ်​လျှင် မိ​မိ​အ​ဘ​၏​အ​သ​ရေ ကို​ရှုတ်​ချ​သော​ကြောင့်​သူ့​ကို​မီး​ရှို့​သတ်​ရ မည်။

10. ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​ဦး​ခေါင်း​ပေါ်​တွင် ဆီ​လောင်း​၍ ဘိ​သိက်​ခံ​လျက်​ယဇ်​ပု​ရော​ဟိတ် ဝတ်​စုံ​ကို​ဝတ်​ဆင်​ထား​သူ​ဖြစ်​သော​ကြောင့် ဝမ်း​နည်း​သည့်​အ​နေ​ဖြင့် မိ​မိ​ဆံ​ပင်​ကို ဖား​လျား​မ​ချ​ရ။ မိ​မိ​၏​အ​ဝတ်​ကို​လည်း မ​ဆုတ်​မ​ဖြဲ​ရ။-

11-12. သူ​သည်​ငါ့​အ​တွက်​သီး​သန့်​ဆက်​ကပ်​ထား သူ​ဖြစ်​၍ ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မိ​မိ ကိုယ်​ကို​မ​ညစ်​ညမ်း​စေ​ရ။ ငါ​၏​တဲ​တော်​မှ ထွက်​၍​မည်​သည့်​အ​သု​ဘ​အိမ်​သို့​မျှ​မ သွား​ရ။ မိ​ရင်း​ဘ​ရင်း​သေ​ဆုံး​သည့်​အိမ်​သို့ ပင်​မ​သွား​ရ။ ဤ​သို့​လျှင်​ငါ​၏​တဲ​တော်​မှ ထွက်​၍​အ​သု​ဘ​အိမ်​သို့​သွား​ခြင်း​အား ဖြင့်​ငါ​၏​တဲ​တော်​ကို​မ​ညစ်​ညမ်း​စေ​ရ။-

13. သူ​သည်​အ​ပျို​စင်​နှင့်​ထိမ်း​မြား​စုံ​ဖက်​ရ​မည်။-

14. မု​ဆိုး​မ၊ လင်​ကွာ​မိန်း​မ၊ ပြည့်​တန်​ဆာ​မ တို့​နှင့်​ထိမ်း​မြား​စုံ​ဖက်​ခြင်း​မ​ပြု​ရ။ သူ သည်​မိ​မိ​အ​မျိုး​အ​နွယ်​ထဲ​မှ​အ​ပျို​စင် ကို​သာ​ထိမ်း​မြား​စုံ​ဖက်​ရ​မည်။-

ဝတ်​ပြု 21