4. သူသည်မိမိဇနီး၏ဆွေမျိုးသားချင်း အသုဘတွင်ပါဝင်၍ မိမိကိုယ်ကိုမညစ် ညမ်းစေရ။
5. ယဇ်ပုရောဟိတ်သည်သေဆုံးသူအတွက် ဝမ်း နည်းသည့်အနေဖြင့်ဆံပင်ကိုကွက်ကျား မရိတ်ရ။ မုတ်ဆိတ်မွေးကိုလည်းမညှပ်ရ။ မိမိကိုယ်ကိုလည်းမလှီးမရှရ။-
6. သူသည်သန့်ရှင်းရမည်။ ငါ၏နာမတော် ကိုမရှုတ်ချရ။ သူသည်ငါ့အားပူဇော် သကာကိုဆက်သရသူဖြစ်၍သန့်ရှင်း ရမည်။-
7. သူသည်သန့်ရှင်းသူဖြစ်သောကြောင့် ပြည့် တန်ဆာမကိုသော်လည်းကောင်း၊ အပျို ရည်ပျက်သောမိန်းမကိုသော်လည်းကောင်း၊ လင်ကွာမိန်းမကိုသော်လည်းကောင်းမစုံ ဖက်ရ။-
8. သူသည်ငါ့အားပူဇော်သကာကိုဆက်သ ရသူဖြစ်သဖြင့် လူတို့သည်သူ့ကိုသန့်ရှင်း သူဟူ၍မှတ်ယူရမည်။ ငါသည်ထာဝရ ဘုရားဖြစ်၏။ ငါသည်သန့်ရှင်းတော်မူသဖြင့် ငါ၏လူမျိုးတော်ကိုသန့်ရှင်းစေတော်မူ၏။-
9. ယဇ်ပုရောဟိတ်၏သမီးသည်ပြည့်တန်ဆာ အလုပ်ကိုလုပ်လျှင် မိမိအဘ၏အသရေ ကိုရှုတ်ချသောကြောင့်သူ့ကိုမီးရှို့သတ်ရ မည်။
16-17. ထာဝရဘုရားသည်မောရှေမှတစ်ဆင့် အာရုန်အား ``သင်၏အဆက်အနွယ်ထဲမှ ကိုယ်အင်္ဂါချွတ်ယွင်းနေသူသည် ငါ့အား ပူဇော်သကာကိုမဆက်သရ။ ဤပညတ် ကိုထာဝစဉ်လိုက်နာရမည်။-
18-20. မျက်စိမမြင်သူ၊ ခြေဆွံ့သူ၊ မျက်နှာရုပ် အဆင်းပျက်သူ၊ အရုပ်ဆိုးအကျည်းတန် သူ၊ လက်ခြေမသန်စွမ်းသူ၊ ကျောကုန်းသူ၊ ပုကွသူ၊ မျက်စိရောဂါစွဲသူ၊ ကိုယ်ရေပြား ရောဂါရှိသူ၊ သင်းကွပ်ထားသူစသည်တို့ သည်ငါ့အားပူဇော်ဆက်သခြင်းမပြုရ။-
21. အာရုန်၏အဆက်အနွယ်ထဲမှကိုယ်အင်္ဂါ တစ်စုံတစ်ခုချွတ်ယွင်းနေသောယဇ်ပုရော ဟိတ်သည် ငါ့အားပူဇော်သကာမဆက်သရ။-
22. ထိုသို့သောယဇ်ပုရောဟိတ်သည် ငါ့အား ဆက်သသောသန့်ရှင်းသည့်ပူဇော်သကာ ကိုသော်လည်းကောင်း၊ အလွန်သန့်ရှင်းသည့် ပူဇော်သကာကိုသော်လည်းကောင်းစား သုံးနိုင်သည်။-
23. သို့ရာတွင်သူ၏ကိုယ်အင်္ဂါချွတ်ယွင်းနေ သောကြောင့် ကန့်လန့်ကာတော်အနီးသို့လည်း ကောင်း၊ ယဇ်ပလ္လင်တော်အနီးသို့လည်းကောင်း မချဉ်းကပ်ရ။ ငါသည်ထာဝရဘုရား ဖြစ်၏။ ငါသည်ထိုကန့်လန့်ကာတော်နှင့်ယဇ် ပလ္လင်တော်တို့ကိုသန့်ရှင်းစေသောကြောင့် သူ သည်ယင်းတို့ကိုမညစ်ညမ်းစေရ'' ဟု မိန့်တော်မူ၏။
24. မောရှေသည်အာရုန်နှင့်တကွသူ၏သားများ၊ ဣသရေလအမျိုးသားအပေါင်းတို့အား ဆင့်ဆိုသောပညတ်များသည်ကားအထက် ပါအတိုင်းဖြစ်သတည်း။