ဝတ်​ပြု 20:8-12 Common Language Bible (BCL)

8. ငါ​၏​ပညတ်​များ​ကို​စောင့်​ထိန်း​ကြ​လော့။ ငါ​သည်​သင်​တို့​အား​သန့်​ရှင်း​စေ​သော​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။''

9. ထာ​ဝ​ရ​ဘု​ရား​သည် အောက်​ပါ​ပ​ညတ်​များ​ကို​ပြ​ဋ္ဌာန်း​ပေး​တော်​မူ​၏။ မိ​မိ​၏​မိ​ဘ​တို့​ကို​ကျိန်​ဆဲ​သော​သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။ သူ​သည်​မိ​ဘ​ကို​ကျိန်​ဆဲ​သော​ကြောင့်​သေ​ဒဏ်​ကို​ခံ​ထိုက်​၏။

10. တစ်​စုံ​တစ်​ယောက်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​၏​မ​ယား​နှင့်​ဖောက်​ပြန်​လျှင် သူ​တို့​နှစ်​ဦး​စ​လုံး​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။-

11. ဖ​ခင်​၏​မ​ယား​တစ်​ဦး​ဦး​နှင့်​ဖောက်​ပြန်​သူ​သည် မိ​မိ​ဖ​ခင်​၏​အ​သ​ရေ​ကို​ဖျက်​သ​ဖြင့် သူ​တို့​နှစ်​ဦး​စ​လုံး​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။ သူ​တို့​သည်​သေ​ထိုက်​သော​အ​ပြစ်​ကို​ကူး​လွန်​ကြ​၏။-

12. တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​၏​ချွေး​မ​နှင့်​ဖောက်​ပြန်​လျှင် သူ​တို့​နှစ်​ဦး​စ​လုံး​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။ သူ​တို့​သည်​သွေး​နီး​စပ်​သူ​ခြင်း​ဖောက်​ပြန်​ခြင်း​ကြောင့်​သေ​ဒဏ်​ကို​ခံ​ထိုက်​၏။-

ဝတ်​ပြု 20