ဝတ်​ပြု 20:18-23 Common Language Bible (BCL)

18. တစ်​စုံ​တစ်​ယောက်​သည်​ရာ​သီ​သွေး​ပေါ်​လျက်​ရှိ​သော​မိန်း​မ​နှင့်​ကာ​မ​စပ်​ယှက်​လျှင် သူ​တို့​နှစ်​ဦး​သည်​သန့်​စင်​မှု​ဆိုင်​ရာ​ပ​ညတ်​ကို​ချိုး​ဖောက်​သ​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​မှ​နှင်​ထုတ်​ရ​မည်။-

19. တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​အ​ဒေါ်​နှင့်​ကာ​မ​စပ်​ယှက်​လျှင် သွေး​နီး​စပ်​သူ​ချင်း​ဖောက်​ပြန်​သ​ဖြင့်​နှစ်​ဦး​စ​လုံး​အ​ပြစ်​ခံ​ရ​မည်။-

20. တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​၏​ဘ​ကြီး၊ ဘ​ထွေး​၏​မ​ယား​နှင့်​ကာ​မ​စပ်​ယှက်​လျှင်​သူ​သည်​ဘ​ကြီး၊ ဘ​ထွေး​၏​အ​သ​ရေ​ကို​ဖျက်​သော​ကြောင့်​သူ​တို့​သည်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​မည်။ နှစ်​ဦး​စ​လုံး​သား​သ​မီး​များ​မ​ရ​ဘဲ​နေ​လိမ့်​မည်။-

21. တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​ညီ​အစ်​ကို​၏​မ​ယား​နှင့်​ထိမ်း​မြား​လျှင် သူ​တို့​သည်​သား​သ​မီး​မ​ထွန်း​ကား​ဘဲ​ရှိ​ကြ​လိမ့်​မည်။ သူ​သည်​ဘာ​သာ​တ​ရား​ထုံး​နည်း​အ​ရ​မ​သန့်​ရှင်း​သော​အ​မှု​ကို​ပြု​၍​မိ​မိ​ညီ​အစ်​ကို​၏​အ​သ​ရေ​ကို​ဖျက်​၏။

22. တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​ပို့​ဆောင်​၍​သင်​တို့​ရောက်​ရှိ​မည့်​ခါ​နာန်​ပြည်​မှ​သင်​တို့​နှင်​ထုတ်​ခြင်း​မ​ခံ​ရ​စေ​ရန် ငါ​၏​ပ​ညတ်​အား​လုံး​တို့​ကို​စောင့်​ထိန်း​ရ​မည်။-

23. ထို​ပြည်​တွင်​နေ​ထိုင်​သူ​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို​မ​ကျင့်​သုံး​နှင့်။ ထို​ပြည်​သို့​သင်​တို့​ဝင်​ရောက်​နိုင်​ရန် ငါ​သည်​ထို​ပြည်​သား​များ​ကို​နှင်​ထုတ်​မည်။ ငါ​သည်​သူ​တို့​၏​ဆိုး​ယုတ်​သော​အ​လေ့​အ​ကျင့်​များ​ကို​စက်​ဆုပ်​ရွံ​ရှာ​၏။-

ဝတ်​ပြု 20