ဝတ်​ပြု 20:13-17 Common Language Bible (BCL)

13. ယောကျာ်း​ချင်း​ကာ​မ​ဆက်​ဆံ​သူ​တို့​သည်​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​ကို​ပြု​လုပ်​သ​ဖြင့် နှစ်​ဦး​စ​လုံး​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။ သူ​တို့​သည်​သေ​ထိုက်​သော​အ​ပြစ်​ကို​ကူး​လွန်​ကြ​၏။-

14. တစ်​စုံ​တစ်​ယောက်​သည်​သ​မီး​နှင့်​သူ​၏​မိ​ခင်​ကို​မ​ယား​အ​ဖြစ်​သိမ်း​ပိုက်​လျှင် ရှက်​ဖွယ်​သော​အ​မှု​ကို​ပြု​လုပ်​ခြင်း​ဖြစ်​သော​ကြောင့် သူ​တို့​သုံး​ဦး​စ​လုံး​ကို​မီး​ရှို့​၍​သတ်​ရ​မည်။ သင်​တို့​တွင်​ထို​ကဲ့​သို့​ရှက်​ဖွယ်​သော​အ​မှု​မျိုး​မ​ရှိ​စေ​ရ။-

15. တစ်​စုံ​တစ်​ယောက်​သည်​တိ​ရစ္ဆာန်​နှင့်​ကာ​မ​စပ်​ယှက်​လျှင် ထို​သူ​နှင့်​တ​ကွ​တိ​ရစ္ဆာန်​ကို​လည်း​သေ​ဒဏ်​စီ​ရင်​ရ​မည်။-

16. မိန်း​မ​တစ်​ဦး​သည်​တိ​ရစ္ဆာန်​နှင့်​ကာ​မ​စပ်​ယှက်​လျှင် ထို​မိန်း​မ​နှင့်​တ​ကွ​တိ​ရစ္ဆာန်​ကို​လည်း​သေ​ဒဏ်​စီ​ရင်​ရ​မည်။ သူ​တို့​သည်​သေ​ထိုက်​သော​အ​ပြစ်​ကို​ကူး​လွန်​ကြ​၏။

17. တစ်​စုံ​တစ်​ယောက်​သည် မိ​မိ​၏​နှ​မ​အ​ရင်း​သို့​မ​ဟုတ်​ဖ​အေ​တူ​မ​အေ​ကွဲ​နှ​မ​နှင့်​ထိမ်း​မြား​လျှင် သူ​တို့​ကို​လူ​ထု​ရှေ့​မှောက်​တွင်​ရှုတ်​ချ​၍ ဣ​သ​ရေ​လ​အ​မျိုး​မှ​ထုတ်​ပယ်​ရ​မည်။ သူ​သည်​မိ​မိ​၏​နှ​မ​နှင့်​ကာ​မ​စပ်​ယှက်​သော​ကြောင့်​အ​ပြစ်​ကို​ခံ​ရ​မည်။-

ဝတ်​ပြု 20