ဝတ်​ပြု 2:4-7 Common Language Bible (BCL)

4. မီး​ဖို​တွင်​ဖုတ်​သော​မုန့်​ကို​ပူ​ဇော်​သော​အ​ခါ မုန့်​တွင်​တ​ဆေး​မ​ပါ​စေ​ရ။ မုန့်​ညက်​နှင့်​သံ လွင်​ဆီ​ရော​၍​ပြု​လုပ်​သော​မုန့်​လုံး​ကို​ဖြစ် စေ၊ သံ​လွင်​ဆီ​သုတ်​သော​မုန့်​ကြွပ်​ပြား​ကို ဖြစ်​စေ​ပူ​ဇော်​နိုင်​သည်။

5. သံ​ဒယ်​ပြား​တွင်​ဖုတ်​သော​မုန့်​ကို​ပူ​ဇော်​လျှင် ယင်း​မုန့်​သည်​တ​ဆေး​မ​ပါ​သော​မုန့်​ညက် ကို သံ​လွင်​ဆီ​နှင့်​ရော​သော​မုန့်​ဖြစ်​စေ​ရ မည်။-

6. ထို​မုန့်​ကို​ပူဇော်​သော​အ​ခါ​မုန့်​ကို​ချေ​၍ မုန့် ပေါ်​တွင်​ဆီ​လောင်း​ရ​မည်။

7. အိုး​တွင်​ကြော်​သော​မုန့်​ကို​ပူ​ဇော်​လျှင် သံ​လွင် ဆီ​နှင့်​ရော​သော​မုန့်​ညက်​ဖြင့်​ပြု​လုပ်​ရ​မည်။-

ဝတ်​ပြု 2