10. ကျန်သောမုန့်သည် ယဇ်ပုရောဟိတ်များသုံး ဆောင်ရန်အတွက်ဖြစ်စေရမည်။ ထိုမုန့်သည် ထာဝရဘုရားအားပူဇော်ပြီးသောမုန့် ထဲကဖြစ်သောကြောင့်အလွန်သန့်ရှင်းသည်။
11. ထာဝရဘုရားအား သင်တို့ဆက်သသော ဘောဇဉ်သကာရှိသမျှတို့တွင် တဆေး မပါစေရ။ ထာဝရဘုရားအားပူဇော် သည့်ဘောဇဉ်သကာတွင် ဘယ်သောအခါ မျှတဆေးသို့မဟုတ်ပျားရည်မပါ စေရ။-
12. သင်တို့နှစ်စဉ်အဦးဆုံးရိတ်သိမ်းသည့် ကောက်ပဲသီးနှံကို ထာဝရဘုရားအား ဆက်ကပ်ရမည်။ သို့ရာတွင်ယင်းကိုပလ္လင် ပေါ်တွင်မီးမရှို့ရ။-
13. ဆားသည်သင်တို့နှင့်ဘုရားသခင်ပြုထား သောပဋိညာဉ်ကိုပုံဆောင်သောကြောင့် ဘော ဇဉ်သကာဟူသမျှတွင်ဆားခတ်ရမည်။ (သင်တို့ဆက်ကပ်သောပူဇော်သကာရှိသမျှ တို့တွင်ဆားခတ်ရမည်။-)
14. သင်တို့သည်အဦးဆုံးရိတ်သိမ်းသော ကောက်ပဲသီးနှံကို ထာဝရဘုရားအား ပူဇော်သောအခါဆန်လှော်သို့မဟုတ် ဆန်မှုန့်ကိုပူဇော်ရမည်။-
15. ၎င်းတွင်သံလွင်ဆီနှင့်အမွှေးနံ့သာထည့်ရမည်။-