1. တစ်စုံတစ်ယောက်သည်ထာဝရဘုရားအား ဘောဇဉ်ပူဇော်လိုလျှင်မုန့်ညက်ကိုပူဇော်ရ မည်။ မုန့်ညက်တွင်သံလွင်ဆီနှင့်အမွှေးနံ့ သာလောင်းထည့်၍၊-
2. အာရုန်၏သားများဖြစ်သောယဇ်ပုရောဟိတ် တို့ထံသို့ယူဆောင်ခဲ့ရမည်။ တာဝန်ကျသော ယဇ်ပုရောဟိတ်သည် မုန့်ညက်တစ်လက်ဆုပ်၊ ဆီ နှင့်အမွှေးနံ့သာရှိသမျှကိုယူ၍ပလ္လင် ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ယင်းသို့ပူဇော် ခြင်းသည်ထာဝရဘုရားအား ဘောဇဉ်အကုန် အစင်ပူဇော်ရာရောက်၏။ ဤပူဇော်သကာ၏ ရနံ့ကိုထာဝရဘုရားနှစ်သက်တော်မူ၏။-
3. ကျန်သောဘောဇဉ်သကာသည် ယဇ်ပုရောဟိတ် များသုံးဆောင်ရန်အတွက်ဖြစ်စေရမည်။ ထို ဘောဇဉ်သည်ထာဝရဘုရားအား ပူဇော်ပြီး သောဘောဇဉ်သကာဖြစ်သောကြောင့် ယဇ်ပုရော ဟိတ်များသာသုံးဆောင်ရမည်။ အလွန်သန့်ရှင်း သည်။
4. မီးဖိုတွင်ဖုတ်သောမုန့်ကိုပူဇော်သောအခါ မုန့်တွင်တဆေးမပါစေရ။ မုန့်ညက်နှင့်သံ လွင်ဆီရော၍ပြုလုပ်သောမုန့်လုံးကိုဖြစ် စေ၊ သံလွင်ဆီသုတ်သောမုန့်ကြွပ်ပြားကို ဖြစ်စေပူဇော်နိုင်သည်။
5. သံဒယ်ပြားတွင်ဖုတ်သောမုန့်ကိုပူဇော်လျှင် ယင်းမုန့်သည်တဆေးမပါသောမုန့်ညက် ကို သံလွင်ဆီနှင့်ရောသောမုန့်ဖြစ်စေရ မည်။-
6. ထိုမုန့်ကိုပူဇော်သောအခါမုန့်ကိုချေ၍ မုန့် ပေါ်တွင်ဆီလောင်းရမည်။
7. အိုးတွင်ကြော်သောမုန့်ကိုပူဇော်လျှင် သံလွင် ဆီနှင့်ရောသောမုန့်ညက်ဖြင့်ပြုလုပ်ရမည်။-
8. ထိုပူဇော်သကာကိုထာဝရဘုရားထံ တော်သို့ယူဆောင်ခဲ့၍ ယဇ်ပုရောဟိတ်လက် သို့ပေးအပ်ရမည်။-
9. ယဇ်ပုရောဟိတ်သည်ထိုပူဇော်သကာကို ယဇ် ပလ္လင်သို့ယူဆောင်ခဲ့၍ မုန့်အားလုံးကိုထာဝရ ဘုရားအားပူဇော်သည့်အနေဖြင့် မုန့်အနည်း ငယ်ကိုယူပြီးလျှင်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော် ရမည်။ ဤပူဇော်သကာ၏ရနံ့ကိုထာဝရ ဘုရားနှစ်သက်တော်မူ၏။-
10. ကျန်သောမုန့်သည် ယဇ်ပုရောဟိတ်များသုံး ဆောင်ရန်အတွက်ဖြစ်စေရမည်။ ထိုမုန့်သည် ထာဝရဘုရားအားပူဇော်ပြီးသောမုန့် ထဲကဖြစ်သောကြောင့်အလွန်သန့်ရှင်းသည်။
11. ထာဝရဘုရားအား သင်တို့ဆက်သသော ဘောဇဉ်သကာရှိသမျှတို့တွင် တဆေး မပါစေရ။ ထာဝရဘုရားအားပူဇော် သည့်ဘောဇဉ်သကာတွင် ဘယ်သောအခါ မျှတဆေးသို့မဟုတ်ပျားရည်မပါ စေရ။-