3. သင်တို့နေထိုင်ခဲ့ဖူးသောအီဂျစ်ပြည်ရှိ လူ တို့၏အလေ့အကျင့်များကိုသော်လည်းကောင်း၊ သင်တို့အားငါယခုပို့ဆောင်နေထိုင်စေမည့် ခါနာန်ပြည်ရှိလူတို့၏အလေ့အကျင့်များ ကိုသော်လည်းကောင်းမကျင့်ကြနှင့်။-
4. ငါ၏ပညတ်များကိုစောင့်ထိန်း၍ ငါမိန့်မှာ သမျှကိုလိုက်လျှောက်လော့။ ငါသည်သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၏။-
5. ငါ၏ပညတ်များနှင့်ပြဋ္ဌာန်းချက်များကို လိုက်လျှောက်လော့။ သို့ပြုလျှင်သင်တို့သည် အသက်ချမ်းသာရာရကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်၏'' ဟုမိန့်တော်မူ၏။
6. ထာဝရဘုရားသည်အောက်ပါပြဋ္ဌာန်းချက် များကို ချမှတ်ပေးတော်မူ၏။ သင်တို့သည် ဆွေမျိုးနီးစပ်သူနှင့် ကာမစပ်ယှက်ခြင်း မပြုရ။-
7. သင်၏မိခင်နှင့်ကာမစပ်ယှက်ခြင်းအား ဖြင့် ဖခင်ကိုအရှက်မခွဲရ။ သင်၏မိခင် အရင်းကိုအရှက်မခွဲရ။-
8. ဖခင်၏မယားငယ်များနှင့်ကာမစပ်ယှက် ခြင်းမပြုရ။-
9. နှမအရင်းနှင့်သော်လည်းကောင်း၊ တစ်အိမ် တည်းသို့မဟုတ် အိမ်ခွဲ၍ကြီးပြင်းလာသော ဖအေပါ၊ မအေပါသမီးနှင့်သော်လည်း ကောင်း ကာမစပ်ယှက်ခြင်းမပြုရ။-
10. သင်၏မြေးမိန်းမနှင့်ကာမစပ်ယှက်ခြင်း မပြုရ။ သင့်ကိုယ်ကိုသင်အရှက်ခွဲရာ ရောက်လိမ့်မည်။-
11. ဖအေတူမအေကွဲမောင်နှမနှင့် ကာမစပ် ယှက်ခြင်းမပြုရ။ သူသည်လည်းသင်၏နှမ ပင်ဖြစ်သည်။-
14. ဦးလေး၏ဇနီးနှင့် ကာမစပ်ယှက်ခြင်းမ ပြုရ။ သူသည်လည်းသင်၏အဒေါ်ပင်ဖြစ်၏။-
15. သင်၏ချွေးမနှင့်ကာမစပ်ယှက်ခြင်း မပြုရ။-
16. သင့်ညီအစ်ကို၏ဇနီးနှင့်သော်လည်းကောင်း ကာမယှက်စပ်ခြင်းမပြုရ။-
17. သင်နှင့်ကာမစပ်ယှက်ဖူးသောမိန်းမ၏သမီး နှင့်ဖြစ်စေ၊ သူ၏မြေးမိန်းမနှင့်ဖြစ်စေကာမ စပ်ယှက်ခြင်းမပြုရ။ ထိုသို့ပြုလျှင်သင်တို့ သည်သင်နှင့်သွေးနီးစပ်သူများဖြစ်နိုင်သဖြင့် သင်သည်သွေးနီးစပ်သူနှင့်ဖောက်ပြန်ခြင်း အပြစ်ကိုကူးလွန်လိမ့်မည်။-
18. သင်၏ဇနီးအသက်ရှင်နေသမျှကာလ ပတ်လုံး သင်၏ခယ်မကိုမယားငယ်အဖြစ် မသိမ်းပိုက်ရ။