ဝတ်​ပြု 18:24-30 Common Language Bible (BCL)

24. သင်​တို့​သည်​ထို​အ​ကျင့်​များ​ကို​ကျင့်​၍ ကိုယ် ကို​မ​ညစ်​ညမ်း​စေ​ကြ​နှင့်။ သင်​တို့​ဝင်​ရောက်​နေ ထိုင်​မည်​ဖြစ်​သော​ပြည်​မှ​ငါ​နှင်​ထုတ်​မည့်​လူ​မျိုး တို့​သည် ထို​သို့​သော​အ​ကျင့်​များ​ကို​ပြု​ကျင့် ၍​မိ​မိ​တို့​ကိုယ်​ကို​ညစ်​ညမ်း​စေ​ကြ​၏။-

25. သူ​တို့​၏​အ​လေ့​အ​ကျင့်​များ​သည် သူ​တို့​နေ ထိုင်​ရာ​ပြည်​ကို​ညစ်​ညမ်း​စေ​သည်။ ထို့​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ထို​ပြည်​ကို​ဒဏ်​ခတ် သ​ဖြင့်​ပြည်​သား​တို့​သည် ထို​ပြည်​မှ​နှင် ထုတ်​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်။-

26-27. သူ​တို့​သည်​ထို​စက်​ဆုပ်​ဖွယ်​သော​အ​ကျင့်​တို့ ကို​ပြု​ကျင့်​၍ တိုင်း​ပြည်​ကို​ညစ်​ညမ်း​စေ​ကြ ၏။ သင်​တို့​မူ​ကား​ထို​အ​ကျင့်​များ​ကို​မ​ပြု ကျင့်​ရ။ ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ သင် တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား​သား ဖြစ်​စေ၊ သင်​တို့​အား​လုံး​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ညတ်​တော်​များ​နှင့် ပြ​ဋ္ဌာန်း​ချက်​များ ကို​စောင့်​ထိန်း​ရ​ကြ​မည်။-

28. သို့​ပြု​လျှင်​သင်​တို့​အ​လျင်​နေ​ထိုင်​ခဲ့​သော သူ​များ​ကဲ့​သို့ သင်​တို့​သည်​ထို​ပြည်​မှ​နှင် ထုတ်​ခြင်း​ခံ​ရ​မည်​မ​ဟုတ်။-

29. ထို​သို့​သော​စက်​ဆုပ်​ဖွယ်​ရာ​အ​ကျင့်​ကို​ပြု ကျင့်​သူ​သည်​ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော် မှ​ပယ်​ထုတ်​ခြင်း​ခံ​ရ​မည်။

30. ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​ပ​ညတ်​များ​ကို စောင့်​ထိန်း​လော့။ သင်​တို့​အ​လျင်​ထို​ပြည်​၌ နေ​ထိုင်​ခဲ့​သော သူ​တို့​၏​အ​လေ့​အ​ကျင့်​များ ကို​အ​တု​မ​ခိုး​နှင့်။ သင်​တို့​သည်​ထို​အ​ကျင့် များ​ကို​ကျင့်​ခြင်း​အား​ဖြင့် ကိုယ်​ကို​မ​ညစ် ညမ်း​စေ​ကြ​နှင့်။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု မိန့်​တော်​မူ​၏။

ဝတ်​ပြု 18