ဝတ်​ပြု 18:1-2-8 Common Language Bible (BCL)

1-2. တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​မှ​တစ် ဆင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား``ငါ​သည် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​၏။-

3. သင်​တို့​နေ​ထိုင်​ခဲ့​ဖူး​သော​အီ​ဂျစ်​ပြည်​ရှိ လူ တို့​၏​အ​လေ့​အ​ကျင့်​များ​ကို​သော်​လည်း​ကောင်း၊ သင်​တို့​အား​ငါ​ယ​ခု​ပို့​ဆောင်​နေ​ထိုင်​စေ​မည့် ခါ​နာန်​ပြည်​ရှိ​လူ​တို့​၏​အ​လေ့​အ​ကျင့်​များ ကို​သော်​လည်း​ကောင်း​မ​ကျင့်​ကြ​နှင့်။-

4. ငါ​၏​ပ​ညတ်​များ​ကို​စောင့်​ထိန်း​၍ ငါ​မိန့်​မှာ သ​မျှ​ကို​လိုက်​လျှောက်​လော့။ ငါ​သည်​သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရားဖြစ်​၏။-

5. ငါ​၏​ပ​ညတ်​များ​နှင့်​ပြ​ဋ္ဌာန်း​ချက်​များ​ကို လိုက်​လျှောက်​လော့။ သို့​ပြု​လျှင်​သင်​တို့​သည် အ​သက်​ချမ်း​သာ​ရာ​ရ​ကြ​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရားဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

6. ထာ​ဝ​ရ​ဘု​ရား​သည်​အောက်​ပါ​ပြ​ဋ္ဌာန်း​ချက် များ​ကို ချ​မှတ်​ပေး​တော်​မူ​၏။ သင်​တို့​သည် ဆွေ​မျိုး​နီး​စပ်​သူ​နှင့် ကာ​မ​စပ်​ယှက်​ခြင်း မ​ပြု​ရ။-

7. သင်​၏​မိ​ခင်​နှင့်​ကာ​မ​စပ်​ယှက်​ခြင်း​အား ဖြင့် ဖ​ခင်​ကို​အ​ရှက်​မ​ခွဲ​ရ။ သင်​၏​မိ​ခင် အ​ရင်း​ကို​အ​ရှက်​မ​ခွဲ​ရ။-

8. ဖ​ခင်​၏​မ​ယား​ငယ်​များ​နှင့်​ကာ​မ​စပ်​ယှက် ခြင်း​မ​ပြု​ရ။-

12-13. ဖ​ခင်​၏​နှ​မ​သို့​မ​ဟုတ် မိ​ခင်​၏​ညီ​မ​ဖြစ်​သူ သင်​၏​အ​ဒေါ်​နှင့်​ကာ​မ​စပ်​ယှက်​ခြင်း​မ​ပြု ရ။-

26-27. သူ​တို့​သည်​ထို​စက်​ဆုပ်​ဖွယ်​သော​အ​ကျင့်​တို့ ကို​ပြု​ကျင့်​၍ တိုင်း​ပြည်​ကို​ညစ်​ညမ်း​စေ​ကြ ၏။ သင်​တို့​မူ​ကား​ထို​အ​ကျင့်​များ​ကို​မ​ပြု ကျင့်​ရ။ ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ သင် တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား​သား ဖြစ်​စေ၊ သင်​တို့​အား​လုံး​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ညတ်​တော်​များ​နှင့် ပြ​ဋ္ဌာန်း​ချက်​များ ကို​စောင့်​ထိန်း​ရ​ကြ​မည်။-

ဝတ်​ပြု 18