ဝတ်​ပြု 18:18-22 Common Language Bible (BCL)

18. သင်​၏​ဇ​နီး​အ​သက်​ရှင်​နေ​သ​မျှ​ကာ​လ ပတ်​လုံး သင်​၏​ခယ်​မ​ကို​မ​ယား​ငယ်​အ​ဖြစ် မ​သိမ်း​ပိုက်​ရ။

19. ရာ​သီ​သွေး​ပေါ်​သော​မိန်း​မ​သည်​ဘာ​သာ​ရေး ထုံး​နည်း​အ​ရ​မ​သန့်​စင်​သော​ကြောင့် ရာ​သီ​သွေး ပေါ်​ချိန်​အ​တွင်း​သူ​နှင့်​ကာ​မ​စပ်​ယှက်​ခြင်း မ​ပြု​ရ။-

20. သူ​တစ်​ပါး၏​မ​ယား​နှင့်​ကာ​မ​စပ်​ယှက်​ခြင်း မ​ပြု​ရ။ ထို​သို့​ပြု​လျှင်​သင်​သည်​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​မ​သန့်​စင်​ချေ။-

21. သင်​၏​သား​သ​မီး​တို့​ကို​မော​လုတ်​ဘု​ရား​အား မီး​ရှို့​ပူ​ဇော်​ရန်​မ​အပ်​နှင့်။ ထို​သို့​ပြု​ခြင်း​ဖြင့် သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​မ​ရှုတ်​ချ​ရ။-

22. ယောကျာ်း​ခြင်း​ကာ​မ​စပ်​ယှက်​ခြင်းမ​ပြု​ရ။ ဘု​ရား​သ​ခင်​သည်​ထို​အ​ကျင့်​ကို​စက်​ဆုပ် ရွံ​ရှာ​တော်​မူ​၏။-

ဝတ်​ပြု 18