ဝတ်​ပြု 18:17-20 Common Language Bible (BCL)

17. သင်​နှင့်​ကာ​မ​စပ်​ယှက်​ဖူး​သော​မိန်း​မ​၏​သ​မီး နှင့်​ဖြစ်​စေ၊ သူ​၏​မြေး​မိန်း​မ​နှင့်​ဖြစ်​စေ​ကာ​မ စပ်​ယှက်​ခြင်း​မ​ပြု​ရ။ ထို​သို့​ပြု​လျှင်​သင်​တို့ သည်​သင်​နှင့်​သွေး​နီး​စပ်​သူ​များ​ဖြစ်​နိုင်​သ​ဖြင့် သင်​သည်​သွေး​နီး​စပ်​သူ​နှင့်​ဖောက်​ပြန်​ခြင်း အ​ပြစ်​ကို​ကူး​လွန်​လိမ့်​မည်။-

18. သင်​၏​ဇ​နီး​အ​သက်​ရှင်​နေ​သ​မျှ​ကာ​လ ပတ်​လုံး သင်​၏​ခယ်​မ​ကို​မ​ယား​ငယ်​အ​ဖြစ် မ​သိမ်း​ပိုက်​ရ။

19. ရာ​သီ​သွေး​ပေါ်​သော​မိန်း​မ​သည်​ဘာ​သာ​ရေး ထုံး​နည်း​အ​ရ​မ​သန့်​စင်​သော​ကြောင့် ရာ​သီ​သွေး ပေါ်​ချိန်​အ​တွင်း​သူ​နှင့်​ကာ​မ​စပ်​ယှက်​ခြင်း မ​ပြု​ရ။-

20. သူ​တစ်​ပါး၏​မ​ယား​နှင့်​ကာ​မ​စပ်​ယှက်​ခြင်း မ​ပြု​ရ။ ထို​သို့​ပြု​လျှင်​သင်​သည်​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​မ​သန့်​စင်​ချေ။-

ဝတ်​ပြု 18