10. သင်၏မြေးမိန်းမနှင့်ကာမစပ်ယှက်ခြင်း မပြုရ။ သင့်ကိုယ်ကိုသင်အရှက်ခွဲရာ ရောက်လိမ့်မည်။-
11. ဖအေတူမအေကွဲမောင်နှမနှင့် ကာမစပ် ယှက်ခြင်းမပြုရ။ သူသည်လည်းသင်၏နှမ ပင်ဖြစ်သည်။-
12-13. ဖခင်၏နှမသို့မဟုတ် မိခင်၏ညီမဖြစ်သူ သင်၏အဒေါ်နှင့်ကာမစပ်ယှက်ခြင်းမပြု ရ။-
14. ဦးလေး၏ဇနီးနှင့် ကာမစပ်ယှက်ခြင်းမ ပြုရ။ သူသည်လည်းသင်၏အဒေါ်ပင်ဖြစ်၏။-
15. သင်၏ချွေးမနှင့်ကာမစပ်ယှက်ခြင်း မပြုရ။-
16. သင့်ညီအစ်ကို၏ဇနီးနှင့်သော်လည်းကောင်း ကာမယှက်စပ်ခြင်းမပြုရ။-
17. သင်နှင့်ကာမစပ်ယှက်ဖူးသောမိန်းမ၏သမီး နှင့်ဖြစ်စေ၊ သူ၏မြေးမိန်းမနှင့်ဖြစ်စေကာမ စပ်ယှက်ခြင်းမပြုရ။ ထိုသို့ပြုလျှင်သင်တို့ သည်သင်နှင့်သွေးနီးစပ်သူများဖြစ်နိုင်သဖြင့် သင်သည်သွေးနီးစပ်သူနှင့်ဖောက်ပြန်ခြင်း အပြစ်ကိုကူးလွန်လိမ့်မည်။-