ဝတ်​ပြု 17:1-2-6 Common Language Bible (BCL)

1-2. ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​မှ​တစ်​ဆင့်​အာ​ရုန်၊ သူ​၏​သား​များ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​အား အောက်​ဖော်​ပြ​ပါ​ပ​ညတ် များ​ကို​ချ​မှတ်​ပေး​တော်​မူ​၏။-

3-4. ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး ဝ​မှ​လွဲ​၍ အ​ခြား​တစ်​နေ​ရာ​ရာ​တွင်​နွား​ကို ဖြစ်​စေ၊ ဆိတ်​ကို​ဖြစ်​စေ​သတ်​၍ ထာ​ဝ​ရ​ဘု​ရား အား​ပူ​ဇော်​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​သည် ပ​ညတ်​တော်​ကို​ချိုး​ဖောက်​သူ​ဖြစ်​၏။ သူ​သည် သွေး​သွန်း​မှု​လွန်​ကူး​သော​ကြောင့် ထာ​ဝ​ရ ဘု​ရား​၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ်​ခြင်း​ခံ ရ​မည်။-

5. ဤ​ပ​ညတ်​၏​ရည်​ရွယ်​ချက်​မှာ​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ယ​ခင်​က​တိ​ရစ္ဆာန်​များ​ကို ကွင်း​ပြင်​၌​သတ်​ခဲ့​သော်​လည်း ယ​ခု​ထာ​ဝ​ရ ဘု​ရား​ရှေ့​တော်​၌​သတ်​စေ​ရန်​ဖြစ်​သည်။ သူ တို့​သည်​တိ​ရစ္ဆာန်​များ​ကို ယဇ်​ပု​ရော​ဟိတ်​ထံ တဲ​တော်​တံ​ခါး​ဝ​သို့​ယူ​ဆောင်​ခဲ့​ပြီး​လျှင် မိတ်​သ​ဟာ​ယ​ယဇ်​အ​ဖြစ်​သတ်​၍​ပူ​ဇော် ရ​မည်။-

6. ယဇ်​ပု​ရော​ဟိတ်​သည် သွေး​ကို​တဲ​တော်​တံ​ခါး​ဝ ရှိ​ယဇ်​ပလ္လင်​လေး​ဘက်​တွင် ပက်​ဖျန်း​ရ​မည်။ ထို နောက်​အ​ဆီ​ကို​မီး​ရှို့​ပူ​ဇော်​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​နှစ်​သက်​တော်​မူ​သော​ရ​နံ့​ကို​ထွက် ပေါ်​စေ​မည်။-

ဝတ်​ပြု 17