5. ဣသရေလအမျိုးသားတို့သည် အပြစ် ဖြေရာယဇ်အတွက်ဆိတ်ထီးနှစ်ကောင်နှင့် မီးရှို့ရာယဇ်အတွက်သိုးထီးတစ်ကောင် ကိုအာရုန်ထံသို့ယူဆောင်ခဲ့ရမည်။-
6. သူသည်မိမိအပြစ်များနှင့် မိမိ၏ မိသားစုအပြစ်များဖြေရန် နွားထီး ကိုပူဇော်ရမည်။-
7. ထိုနောက်သူသည်ဆိတ်နှစ်ကောင်ကို ထာဝရ ဘုရားစံတော်မူရာတဲတော်တံခါးဝသို့ ယူဆောင်လာပြီးလျှင်၊-
8. ကျောက်တုံးနှစ်တုံးကိုယူလျက်၊ ကျောက်တုံး တစ်တုံးကို``ထာဝရဘုရားအတွက်'' ဟူ၍ လည်းကောင်း၊ အခြားကျောက်တုံးကို``အဇာ ဇယ်အတွက်'' ဟူ၍လည်းကောင်းမှတ်သားပြီးနောက် ဆိတ် နှစ်ကောင်ကိုစာရေးတံချရမည်။-
9. အာရုန်သည်ထာဝရဘုရားအတွက် စား ရေးတံကျသောဆိတ်ကိုအပြစ်ပြေရာ ပူဇော်သကာအဖြစ်ပူဇော်ရမည်။-