ဝတ်​ပြု 16:5-8 Common Language Bible (BCL)

5. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ပြစ် ဖြေ​ရာ​ယဇ်​အ​တွက်​ဆိတ်​ထီး​နှစ်​ကောင်​နှင့် မီး​ရှို့​ရာ​ယဇ်​အ​တွက်​သိုး​ထီး​တစ်​ကောင် ကို​အာ​ရုန်​ထံ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-

6. သူ​သည်​မိ​မိ​အ​ပြစ်​များ​နှင့် မိ​မိ​၏ မိ​သား​စု​အ​ပြစ်​များ​ဖြေ​ရန် နွား​ထီး ကို​ပူ​ဇော်​ရ​မည်။-

7. ထို​နောက်​သူ​သည်​ဆိတ်​နှစ်​ကောင်​ကို ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး​ဝ​သို့ ယူ​ဆောင်​လာ​ပြီး​လျှင်၊-

8. ကျောက်​တုံး​နှစ်​တုံး​ကို​ယူ​လျက်၊ ကျောက်​တုံး တစ်​တုံး​ကို``ထာ​ဝရ​ဘု​ရား​အ​တွက်'' ဟူ​၍ လည်း​ကောင်း၊ အ​ခြား​ကျောက်​တုံး​ကို``အ​ဇာ ဇယ်​အ​တွက်'' ဟူ​၍​လည်း​ကောင်း​မှတ်​သား​ပြီး​နောက် ဆိတ် နှစ်​ကောင်​ကို​စာ​ရေး​တံ​ချ​ရ​မည်။-

ဝတ်​ပြု 16