27. အပြစ်ဖြေရာယဇ်ကောင်များဖြစ်သည့်နွား နှင့်ဆိတ်သွေးကို အလွန်သန့်ရှင်းရာဌာန တော်ထဲသို့ယူဆောင်ပြီးနောက် ယဇ်ကောင် များ၏အသား၊ သားရေ၊ ဝမ်းတွင်းသားရှိ သမျှကိုစခန်းအပြင်သို့ထုတ်ဆောင်၍ မီးရှို့ပစ်ရမည်။-
28. ထိုယဇ်ကောင်များကိုမီးရှို့ရသူသည် မိမိ ၏အဝတ်များကိုဖွပ်လျှော်၍ရေချိုးပြီး မှ စခန်းအတွင်းသို့ပြန်ဝင်ရမည်။
29. သင်တို့သည်အောက်တွင်ဖော်ပြပါပညတ်ကို ထာဝစဉ်လိုက်နာစောင့်ထိန်းရမည်။ သတ္တမလ၊ ဆယ်ရက်နေ့တွင်ဣသရေလအမျိုးသား တို့နှင့် သူတို့ထံ၌နေထိုင်သောလူမျိုးခြား တို့သည် အစာရှောင်၍မည်သည့်အလုပ်ကို မျှမလုပ်ရ။-
30. ထိုနေ့တွင်သူတို့သည်ဘာသာရေးထုံးနည်း အရ သန့်စင်စေခြင်းငှာအပြစ်ဖြေခြင်း ဝတ်ကိုပြုရမည်။-
31. ထိုနေ့သည်အလွန်သန့်ရှင်းသောနေ့ဖြစ်သည်။ ထိုနေ့၌မည်သည့်အလုပ်ကိုမျှမလုပ်ရ။ ဤ ပညတ်ကိုသားစဉ်မြေးဆက်စောင့်ထိန်းရမည်။-
32. ဖခင်၏အရိုက်အရာကိုဆက်ခံရန် သိက္ခာ တင်ဆက်ကပ်ပြီးသောယဇ်ပုရောဟိတ်မင်းက သန့်စင်ခြင်းဝတ်ကိုပြုရမည်။ ထိုယဇ်ပုရော ဟိတ်မင်းသည်ယဇ်ပုရောဟိတ်ဝတ်စုံကို ဝတ်ဆင်၍၊-
33. အလွန်သန့်ရှင်းရာဌာနတော်အပါအဝင် ထာဝရဘုရားစံတော်မူရာတဲတော်၊ ယဇ် ပလ္လင်၊ ယဇ်ပုရောဟိတ်များနှင့်ဣသရေလ အမျိုးသားအပေါင်းတို့အတွက် သန့်စင် ခြင်းဝတ်ကိုဆောင်ရွက်ရမည်။-