ဝတ်​ပြု 16:22-34 Common Language Bible (BCL)

22. ဤ​နည်း​အား​ဖြင့်​ဆိတ်​သည်​လူ​သူ​ကင်း​မဲ့​သော အ​ရပ်​သို့ လူ​၏​ဒု​စ​ရိုက်​အ​ပြစ်​ရှိ​သ​မျှ​တို့ ကို​သယ်​ဆောင်​သွား​လိမ့်​မည်။

23. ထို​နောက်​အာ​ရုန်​သည်​တဲ​တော်​ထဲ​သို့​ဝင်​၍ အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​သို့​မ​ဝင်​မီ​က ဝတ်​ဆင်​ခဲ့​သော​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​ကို ချွတ်​ထား​ခဲ့​ရ​မည်။-

24. သူ​သည်​သီး​သန့်​နေ​ရာ​တွင်​ရေ​ချိုး​ပြီး​နောက် မိ​မိ​၏​အ​ဝတ်​အင်္ကျီ​များ​ကို​ဝတ်​ဆင်​ရ​မည်။ ထို့​နောက်​သူ​သည်​ယဇ်​ပလ္လင်​သို့​ထွက်​သွား​၍ မိ​မိ​၏​အ​ပြစ်​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​အ​ပြစ်​များ​အ​တွက် မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​ရ​မည်။-

25. သူ​သည်​ယဇ်​ပလ္လင်​ပေါ်​တွင်​အ​ပြစ်​ဖြေ​ရာ ယဇ်​ကောင်​၏​အ​ဆီ​ကို​မီး​ရှို့​ပူ​ဇော်​ရ​မည်။-

26. တော​ကန္တာ​ရ​ထဲ​သို့​အ​ဇာ​ဇယ်​ကို​မောင်း​နှင် သွား​ရ​သူ​သည် မိ​မိ​၏​အ​ဝတ်​များ​ကို​ဖွပ် လျှော်​၍​ရေ​ချိုး​ပြီး​မှ စ​ခန်း​အ​တွင်း​သို့ ပြန်​ဝင်​ရ​မည်။-

27. အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​များ​ဖြစ်​သည့်​နွား နှင့်​ဆိတ်​သွေး​ကို အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​ထဲ​သို့​ယူ​ဆောင်​ပြီး​နောက် ယဇ်​ကောင် များ​၏​အ​သား၊ သား​ရေ၊ ဝမ်း​တွင်း​သား​ရှိ သ​မျှ​ကို​စ​ခန်း​အ​ပြင်​သို့​ထုတ်​ဆောင်​၍ မီး​ရှို့​ပစ်​ရ​မည်။-

28. ထို​ယဇ်​ကောင်​များ​ကို​မီး​ရှို့​ရ​သူ​သည် မိ​မိ ၏​အ​ဝတ်​များ​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ပြီး မှ စ​ခန်း​အ​တွင်း​သို့​ပြန်​ဝင်​ရ​မည်။

29. သင်​တို့​သည်​အောက်​တွင်​ဖော်​ပြ​ပါ​ပ​ညတ်​ကို ထာ​ဝ​စဉ်​လိုက်​နာ​စောင့်​ထိန်း​ရ​မည်။ သတ္တမ​လ၊ ဆယ်​ရက်​နေ့​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​နှင့် သူ​တို့​ထံ​၌​နေ​ထိုင်​သော​လူ​မျိုး​ခြား တို့​သည် အ​စာ​ရှောင်​၍​မည်​သည့်​အ​လုပ်​ကို မျှ​မ​လုပ်​ရ။-

30. ထို​နေ့​တွင်​သူ​တို့​သည်​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ သန့်​စင်​စေ​ခြင်း​ငှာ​အ​ပြစ်​ဖြေ​ခြင်း ဝတ်​ကို​ပြု​ရ​မည်။-

31. ထို​နေ့​သည်​အ​လွန်​သန့်​ရှင်း​သော​နေ့​ဖြစ်​သည်။ ထို​နေ့​၌​မည်​သည့်​အ​လုပ်​ကို​မျှ​မ​လုပ်​ရ။ ဤ ပ​ညတ်​ကို​သား​စဉ်​မြေး​ဆက်​စောင့်​ထိန်း​ရ​မည်။-

32. ဖ​ခင်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​ရန် သိက္ခာ တင်​ဆက်​ကပ်​ပြီး​သော​ယဇ်​ပု​ရော​ဟိတ်​မင်း​က သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရ​မည်။ ထို​ယဇ်​ပု​ရော ဟိတ်​မင်း​သည်​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​ကို ဝတ်​ဆင်​၍၊-

33. အ​လွန်​သန့်​ရှင်း​ရာ​ဌာန​တော်​အ​ပါ​အ​ဝင် ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်၊ ယဇ် ပလ္လင်၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​အ​တွက် သန့်​စင် ခြင်း​ဝတ်​ကို​ဆောင်​ရွက်​ရ​မည်။-

34. သင်​တို့​သည်​ဤ​ပညတ်​ချက်​များ​ကို​ထာ​ဝ စဉ်​စောင့်​ထိန်း​ရ​ကြ​မည်။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ပြု​မိ​သ​မျှ​သော​အ​ပြစ်​မှ​ပြေ​စေ အံ့​သော​ငှာ ဤ​ဝတ်​ကို​တစ်​နှစ်​လျှင်​တစ်​ကြိမ် ပြု​ရ​မည်။သို့​ဖြစ်​ပါ​၍​မော​ရှေ သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း ဆောင်​ရွက်​လေ​၏။

ဝတ်​ပြု 16