19. ယဇ်ပလ္လင်အပေါ်သို့လည်းသွေးကိုလက်ညှိုး ဖြင့်ခုနစ်ကြိမ်ဖြန်းရမည်။ ဤနည်းအား ဖြင့်သူသည် ဣသရေလအမျိုးသားတို့ ၏အပြစ်များအတွက် ယဇ်ပလ္လင်ကိုသန့်စင် စေပြီးသန့်စင်ခြင်းဝတ်ကိုပြုလေသည်။
20. အာရုန်သည်အလွန်သန့်ရှင်းရာဌာနတော်၊ ထာဝရဘုရားစံတော်မူရာတဲတော်နှင့် ယဇ်ပလ္လင်အတွက် သန့်စင်ခြင်းဝတ်ကိုဆောင် ရွက်ပြီးသောအခါ အဇာဇယ်အတွက်ရွေး ချယ်ထားသောဆိတ်အရှင်ကို ထာဝရ ဘုရားထံဆက်ကပ်ရမည်။-
21. သူသည်ဆိတ်၏ဦးခေါင်းပေါ်တွင်လက် နှစ်ဘက်ကိုတင်လျက် ဣသရေလအမျိုး သားတို့၏ဒုစရိုက်အပြစ်နှင့်ပုန်ကန်မှု ရှိသမျှကိုဝန်ချသောအားဖြင့် ထိုဒုစရိုက် အပြစ်များကိုဆိတ်၏ဦးခေါင်းပေါ်သို့ ကျရောက်စေသည်။ ထိုနောက်တာဝန်ကျ သောသူသည် ဆိတ်ကိုတောကန္တာရထဲ သို့မောင်းနှင်ရမည်။-
22. ဤနည်းအားဖြင့်ဆိတ်သည်လူသူကင်းမဲ့သော အရပ်သို့ လူ၏ဒုစရိုက်အပြစ်ရှိသမျှတို့ ကိုသယ်ဆောင်သွားလိမ့်မည်။
23. ထိုနောက်အာရုန်သည်တဲတော်ထဲသို့ဝင်၍ အလွန်သန့်ရှင်းရာဌာနတော်သို့မဝင်မီက ဝတ်ဆင်ခဲ့သောယဇ်ပုရောဟိတ်ဝတ်စုံကို ချွတ်ထားခဲ့ရမည်။-