10. အဇာဇယ်အတွက်စာရေးတံကျသောဆိတ် အရှင်ကိုထာဝရဘုရားအားဆက်ကပ်၍ လူတို့၏အပြစ်များကိုယူဆောင်သွားစေ ရန် ထိုဆိတ်ကိုတောကန္တာရသို့စေလွှတ်လိုက် ရမည်။
11. အာရုန်သည်မိမိ၏မိသားစုအတွက် အပြစ် ဖြေရာပူဇော်သကာအဖြစ်နွားထီးကို ပူဇော်သောအခါ၊-
12. ယဇ်ပလ္လင်မှမီးခဲများကိုမီးကျီးခံလင်ပန်း ၌ အပြည့်ထည့်၍နံ့သာမှုန့်လက်နှစ်ဆုပ်ကို ယူပြီးလျှင် အလွန်သန့်ရှင်းရာဌာနတော် ထဲသို့ဝင်ရမည်။-
13. ထိုနောက်ထာဝရဘုရား၏ရှေ့တော်တွင် နံ့သာကိုမီးခဲပေါ်၌ဖြူးရမည်။ နံ့သာ မှထွက်သောမီးခိုးသည်ပဋိညာဉ်သေတ္တာ ဖုံးကိုကွယ်ထားသဖြင့် သူသည်အဖုံးကို မမြင်နိုင်သောကြောင့်အသက်ချမ်းသာ ရာရလိမ့်မည်။-
14. သူသည်နွား၏သွေးအနည်းငယ်ကိုယူ၍ လက် ညှိုးဖြင့်ပဋိညာဉ်သေတ္တာဖုံးအရှေ့ပိုင်းကို ဖျန်းရမည်။ ပဋိညာဉ်သေတ္တာအရှေ့၌လည်း ခုနစ်ကြိမ်ဖျန်းရမည်။
15. ထိုနောက်သူသည် လူတို့အပြစ်ဖြေရာပူဇော် သကာဖြစ်သောဆိတ်ကိုသတ်၍ သွေးကိုအလွန် သန့်ရှင်းရာဌာနတော်ထဲသို့ယူခဲ့ရမည်။ နွား ၏သွေးကိုဖျန်းသည့်နည်းတူဆိတ်၏သွေးကို ပဋိညာဉ်သေတ္တာဖုံးပေါ်တွင်လည်းကောင်း၊ သေတ္တာအရှေ့တွင်လည်းကောင်းဖျန်းရ မည်။-
16. ဤနည်းအားဖြင့်အာရုန်သည် ဣသရေလ အမျိုးသားတို့၏မသန့်စင်ခြင်းနှင့်အပြစ် အမျိုးမျိုးတို့ကြောင့် အလွန်သန့်ရှင်းရာဌာန တော်အတွက် သန့်စင်ခြင်းဝတ်ကိုဆောင်ရွက်ရ မည်။ တဲတော်သည်မသန့်စင်သောစခန်းအလယ် တွင်တည်ရှိသဖြင့် တဲတော်အတွက်သန့်စင် ခြင်းဝတ်ကိုဆောင်ရွက်ရမည်။-
17. အာရုန်သည်အလွန်သန့်ရှင်းရာဌာနတော် ထဲသို့ဝင်၍ သန့်စင်ခြင်းဝတ်ကိုဆောင်ရွက် သည့်အချိန်မှစ၍ ပြန်ထွက်လာသည့်အချိန် အထိတဲတော်အတွင်း၌မည်သူမျှမရှိ စေရ။ သူသည်မိမိနှင့်မိမိ၏မိသားစု အတွက်လည်းကောင်း၊ ဣသရေလတစ်မျိုး သားလုံးအတွက်လည်းကောင်း အပြစ်ပြေ ခြင်းဝတ်ကိုဆောင်ရွက်ပြီးသောအခါ၊-
18. မီးရှို့ရာယဇ်ပလ္လင်သို့ထွက်လာ၍ ထိုပလ္လင် အတွက်သန့်စင်ခြင်းဝတ်ကိုပြုရမည်။ သူ သည်နွား၏သွေးနှင့်ဆိတ်၏သွေးအနည်း ငယ်စီကိုယူ၍ ယဇ်ပလ္လင်ထောင့်အတက် များတွင်သုတ်လိမ်းရမည်။-
19. ယဇ်ပလ္လင်အပေါ်သို့လည်းသွေးကိုလက်ညှိုး ဖြင့်ခုနစ်ကြိမ်ဖြန်းရမည်။ ဤနည်းအား ဖြင့်သူသည် ဣသရေလအမျိုးသားတို့ ၏အပြစ်များအတွက် ယဇ်ပလ္လင်ကိုသန့်စင် စေပြီးသန့်စင်ခြင်းဝတ်ကိုပြုလေသည်။
20. အာရုန်သည်အလွန်သန့်ရှင်းရာဌာနတော်၊ ထာဝရဘုရားစံတော်မူရာတဲတော်နှင့် ယဇ်ပလ္လင်အတွက် သန့်စင်ခြင်းဝတ်ကိုဆောင် ရွက်ပြီးသောအခါ အဇာဇယ်အတွက်ရွေး ချယ်ထားသောဆိတ်အရှင်ကို ထာဝရ ဘုရားထံဆက်ကပ်ရမည်။-