ဝတ်​ပြု 16:1-14 Common Language Bible (BCL)

1. အာ​ရုန်​၏​သား​နှစ်​ယောက်​တို့​သည် ထာ​ဝ​ရ ဘု​ရား​အား​မ​သန့်​စင်​သော​မီး​ဖြင့်​ပူ​ဇော် သော​ကြောင့် သေ​ဆုံး​ကြ​ပြီး​နောက်​ကိုယ် တော်​သည်​မော​ရှေ​အား၊-

2. ``သင်​၏​အစ်​ကို​အာ​ရုန်​သည် ကန့်​လန့်​ကာ အ​တွင်း​ရှိ​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် ထဲ​သို့ သတ်​မှတ်​သည့်​အ​ချိန်​၌​သာ​ဝင်​ရ​မည် ဖြစ်​ကြောင်း​ပြော​ကြား​လော့။ အ​ဘယ်​ကြောင့် ဆို​သော် ငါ​သည်​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​ရှိ ပ​ဋိ​ညာဉ်​သေတ္တာ​အ​ဖုံး​အ​ထက်​မိုး တိမ်​၌​ထင်​ရှား​တော်​မူ​မည်​ဖြစ်​သည်။ သူ သည်​ဤ​ပ​ညတ်​ကို​မ​နာ​ခံ​လျှင်​သေ​ရ လိမ့်​မည်။-

3. သူ​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​တွက် နွား ပျို​တစ်​ကောင်​နှင့် မီး​ရှို့​ရာ​ယဇ်​အ​တွက်​သိုး ထီး​တစ်​ကောင်​ကို​ယူ​ဆောင်​လာ​ပြီး​မှ အ​လွန် သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​သို့​ဝင်​ရ​မည်'' ဟု မိန့်​တော်​မူ​၏။

4. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် အောက်​ပါ​ညွှန် ကြား​ချက်​များ​ကို​ပေး​တော်​မူ​၏။ အာ​ရုန်​သည် အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​သို့​မ​ဝင်​မီ ရေ​ချိုး​၍​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​များ​ဖြစ် သော​ပိတ်​ချော​ဝတ်​ရုံ၊ ဘောင်း​ဘီ၊ ခါး​စည်း နှင့်​ဗောင်း​ထုပ်​များ​ကို​ဝတ်​ဆင်​ရ​မည်။

5. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ပြစ် ဖြေ​ရာ​ယဇ်​အ​တွက်​ဆိတ်​ထီး​နှစ်​ကောင်​နှင့် မီး​ရှို့​ရာ​ယဇ်​အ​တွက်​သိုး​ထီး​တစ်​ကောင် ကို​အာ​ရုန်​ထံ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-

6. သူ​သည်​မိ​မိ​အ​ပြစ်​များ​နှင့် မိ​မိ​၏ မိ​သား​စု​အ​ပြစ်​များ​ဖြေ​ရန် နွား​ထီး ကို​ပူ​ဇော်​ရ​မည်။-

7. ထို​နောက်​သူ​သည်​ဆိတ်​နှစ်​ကောင်​ကို ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး​ဝ​သို့ ယူ​ဆောင်​လာ​ပြီး​လျှင်၊-

8. ကျောက်​တုံး​နှစ်​တုံး​ကို​ယူ​လျက်၊ ကျောက်​တုံး တစ်​တုံး​ကို``ထာ​ဝရ​ဘု​ရား​အ​တွက်'' ဟူ​၍ လည်း​ကောင်း၊ အ​ခြား​ကျောက်​တုံး​ကို``အ​ဇာ ဇယ်​အ​တွက်'' ဟူ​၍​လည်း​ကောင်း​မှတ်​သား​ပြီး​နောက် ဆိတ် နှစ်​ကောင်​ကို​စာ​ရေး​တံ​ချ​ရ​မည်။-

9. အာ​ရုန်​သည်​ထာ​ဝ​ရ​ဘု​ရား​အ​တွက် စား ရေး​တံ​ကျ​သော​ဆိတ်​ကို​အ​ပြစ်​ပြေ​ရာ ပူ​ဇော်​သကာ​အ​ဖြစ်​ပူ​ဇော်​ရ​မည်။-

10. အ​ဇာ​ဇယ်​အ​တွက်​စာ​ရေး​တံ​ကျ​သော​ဆိတ် အ​ရှင်​ကို​ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​၍ လူ​တို့​၏​အ​ပြစ်​များ​ကို​ယူ​ဆောင်​သွား​စေ ရန် ထို​ဆိတ်​ကို​တော​ကန္တာ​ရ​သို့​စေ​လွှတ်​လိုက် ရ​မည်။

11. အာ​ရုန်​သည်​မိ​မိ​၏​မိ​သား​စု​အ​တွက် အ​ပြစ် ဖြေ​ရာ​ပူ​ဇော်​သ​ကာ​အ​ဖြစ်​နွား​ထီး​ကို ပူ​ဇော်​သော​အ​ခါ၊-

12. ယဇ်​ပလ္လင်​မှ​မီး​ခဲ​များ​ကို​မီး​ကျီး​ခံ​လင်​ပန်း ၌ အ​ပြည့်​ထည့်​၍​နံ့​သာ​မှုန့်​လက်​နှစ်​ဆုပ်​ကို ယူ​ပြီး​လျှင် အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် ထဲ​သို့​ဝင်​ရ​မည်။-

13. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင် နံ့​သာ​ကို​မီး​ခဲ​ပေါ်​၌​ဖြူး​ရ​မည်။ နံ့​သာ မှ​ထွက်​သော​မီး​ခိုး​သည်​ပ​ဋိ​ညာဉ်​သေတ္တာ ဖုံး​ကို​ကွယ်​ထား​သ​ဖြင့် သူ​သည်​အ​ဖုံး​ကို မ​မြင်​နိုင်​သော​ကြောင့်​အ​သက်​ချမ်း​သာ ရာ​ရ​လိမ့်​မည်။-

14. သူ​သည်​နွား​၏​သွေး​အ​နည်း​ငယ်​ကို​ယူ​၍ လက် ညှိုး​ဖြင့်​ပ​ဋိ​ညာဉ်​သေတ္တာ​ဖုံး​အ​ရှေ့​ပိုင်း​ကို ဖျန်း​ရ​မည်။ ပ​ဋိ​ညာဉ်​သေတ္တာ​အ​ရှေ့​၌​လည်း ခု​နစ်​ကြိမ်​ဖျန်း​ရ​မည်။

ဝတ်​ပြု 16