1-3. ထာဝရဘုရားသည် ဣသရေလအမျိုး သားတို့လိုက်နာရန်အတွက် အောက်ဖော်ပြ ပါပညတ်များကိုမောရှေနှင့်အာရုန်တို့ အားချမှတ်ပေးတော်မူ၏။ ယောကျာ်းတစ်ယောက် သည် ရိနာကျနေလျှင်ဖြစ်စေ၊ ရိနာကျ ခြင်းရပ်စဲသွားလျှင်ဖြစ်စေ၊ မသန့်စင်ချေ။-
4. ထိုသူထိုင်သောအိပ်ရာသို့မဟုတ်အိပ်သော အိပ်ရာသည်လည်းမသန့်စင်။-
5. တစ်စုံတစ်ယောက်သောသူသည် ထိုသူ အိပ်သောအိပ်ရာကိုထိမိလျှင်၊-
6. ထိုင်သောနေရာတွင်ထိုင်မိလျှင် မိမိအဝတ် များကိုဖွပ်လျှော်၍ရေချိုးရမည်။ သူသည် ညဦးတိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။-
7. ရိနာစွဲသောသူကိုထိကိုင်မိသောသူသည် မိမိအဝတ်များကိုဖွပ်လျှော်၍ရေချိုးရ မည်။ သူသည်ညဦးတိုင်အောင်မသန့်စင်ဘဲ ရှိလိမ့်မည်။-
8. ရိနာစွဲသောသူသည်ဘာသာတရားထုံး နည်းနှင့်ဆိုင်၍ သန့်စင်သူတစ်ဦးအပေါ်သို့ တံတွေးထွေးမိလျှင် တံတွေးထွေးခံရသူ သည်မိမိအဝတ်ကိုဖွပ်လျှော်၍ရေချိုးရ မည်။ သူသည်ညဦးတိုင်အောင်မသန့်စင်ဘဲ ရှိလိမ့်မည်။-
9. ရိနာစွဲသောသူထိုင်သောကုန်းနှီးသို့ မဟုတ်ထိုင်ခုံသည်မသန့်စင်။-
10. ထိုသူထိုင်သောအရာကိုကိုင်တွယ်မိသော သူသည် ညဦးတိုင်အောင်မသန့်စင်ဘဲရှိလိမ့် မည်။ ထိုသူထိုင်မိသောဝတ္ထုပစ္စည်းကိုသယ် ဆောင်သောသူသည် မိမိအဝတ်ကိုဖွပ်လျှော် ၍ရေချိုးရမည်။ သူသည်ညဦးတိုင်အောင် မသန့်စင်ဘဲရှိလိမ့်မည်။-
11. ရိနာစွဲသောသူသည်မိမိ၏လက်များကို မဆေးဘဲနှင့် တစ်စုံတစ်ယောက်ကိုထိကိုင် မိလျှင် အကိုင်ခံရသောသူသည်မိမိအဝတ် များကိုဖွပ်လျှော်၍ရေချိုးရမည်။ သူသည် ညဦးတိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။-
12. ရိနာစွဲသောသူကိုင်မိသောမြေအိုးမြေ ခွက်ကိုခွဲပစ်ရမည်။ သူကိုင်မိသောသစ်သား အိုးသစ်သားခွက်ကိုရေနှင့်ဆေးရမည်။
13. ထိုသူသည်ရိနာပျောက်ကင်းပြီးနောက် ခုနစ် ရက်စောင့်ဆိုင်းပြီးလျှင် မိမိအဝတ်များကို ဖွပ်လျှော်၍စမ်းရေဖြင့်ရေချိုးရမည်။ ထို အခါတွင်သူသည် ဘာသာရေးထုံးနည်း အရသန့်စင်လိမ့်မည်။-
14. အဋ္ဌမနေ့တွင်သူသည် ချိုးနှစ်ကောင်သို့ မဟုတ်ခိုနှစ်ကောင်ကို ထာဝရဘုရားစံ တော်မူရာတဲတော်တံခါးဝသို့ယူဆောင် ခဲ့၍ယဇ်ပုရောဟိတ်ထံပေးအပ်ရမည်။-
15. ယဇ်ပုရောဟိတ်သည်အပြစ်ဖြေရာယဇ် အတွက် ငှက်တစ်ကောင်ကိုပူဇော်ရမည်။ ဤ နည်းအားဖြင့်ယဇ်ပုရောဟိတ်သည် ထိုသူ အတွက်သန့်စင်ခြင်းဝတ်ကိုပြုရမည်။
16. ယောကျာ်းတစ်ယောက်သည်သုက်ရည်ယိုလျှင် တစ်ကိုယ်လုံးရေချိုးရမည်။ သူသည်ညဦး တိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။-
17. သုက်ရည်ထိမိသောအဝတ်အထည် သို့မဟုတ် သားရေထည်ကိုဖွပ်လျှော်ရမည်။ ထိုအရာ ဝတ္ထုသည်ညဦးတိုင်အောင်မသန့်စင်ဘဲရှိ လိမ့်မည်။-
18. ယောကျာ်းနှင့်မိန်းမ၊ ကာမစပ်ယှက်ပြီးလျှင် နှစ်ဦးစလုံးရေချိုးရမည်။ သူတို့သည်ည ဦးတိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။