19. အမျိုးသမီးတစ်ယောက်သည်ရာသီသွေး ပေါ်လျှင် သူသည်ခုနစ်ရက်မသန့်စင်ဘဲရှိ လိမ့်မည်။ သူ့ကိုထိကိုင်မိသောသူသည် ည ဦးတိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။-
20. ရာသီသွေးပေါ်ချိန်အတွင်းထိုအမျိုး သမီးထိုင်သောနေရာသို့မဟုတ်အိပ် သောအိပ်ရာတို့သည်မသန့်စင်။-
21-23. သူထိုင်သောနေရာသို့မဟုတ်သူအိပ်သော အိပ်ရာကိုထိကိုင်မိသောသူသည် မိမိအဝတ် များကိုဖွပ်လျှော်၍ရေချိုးရမည်။ သူသည် ညဦးတိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။-
24. ရာသီသွေးပေါ်သောမိန်းမသည်မသန့်စင် သောကြောင့် သူနှင့်ကာမစပ်ယှက်သောယောကျာ်း သည်လည်း ခုနစ်ရက်တိုင်အောင်မသန့်စင်ဘဲ ရှိလိမ့်မည်။ ထိုသူ၏အိပ်ရာသည်လည်း မသန့်စင်။
25. အမျိုးသမီးတစ်ယောက်သည်ရာသီသွေး ပေါ်ချိန်မကျဘဲနှင့် ရက်အတန်ကြာမျှ သွေးဆင်းလျှင်သော်လည်းကောင်း၊ ရာသီ သွေးပေါ်ချိန်ကိုလွန်၍သွေးဆက်ဆင်းနေ လျှင်သော်လည်းကောင်း၊ သူသည်သွေးမရပ် မချင်းရာသီသွေးပေါ်ချိန်မှာကဲ့သို့ မသန့်စင်ဘဲရှိလိမ့်မည်။-
26. ရာသီသွေးပေါ်ချိန်အတွင်းသူထိုင်သော အရာ သို့မဟုတ်သူအိပ်သောအိပ်ရာသည် မသန့်စင်ချေ။-
27. ထိုအရာတို့ကိုထိကိုင်မိသောသူသည်မသန့် စင်သဖြင့် မိမိအဝတ်များကိုဖွပ်လျှော်၍ ရေချိုးရမည်။ သူသည်ညဦးတိုင်အောင် မသန့်စင်ဘဲရှိလိမ့်မည်။-
28. အမျိုးသမီးသည်သွေးဆင်းခြင်းရပ်ပြီး နောက် ခုနစ်ရက်ကြာလျှင်ဘာသာရေးထုံး နည်းအရသန့်စင်လာလိမ့်မည်။-