15. ယဇ်ပုရောဟိတ်သည်အပြစ်ဖြေရာယဇ် အတွက် ငှက်တစ်ကောင်ကိုပူဇော်ရမည်။ ဤ နည်းအားဖြင့်ယဇ်ပုရောဟိတ်သည် ထိုသူ အတွက်သန့်စင်ခြင်းဝတ်ကိုပြုရမည်။
16. ယောကျာ်းတစ်ယောက်သည်သုက်ရည်ယိုလျှင် တစ်ကိုယ်လုံးရေချိုးရမည်။ သူသည်ညဦး တိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။-
17. သုက်ရည်ထိမိသောအဝတ်အထည် သို့မဟုတ် သားရေထည်ကိုဖွပ်လျှော်ရမည်။ ထိုအရာ ဝတ္ထုသည်ညဦးတိုင်အောင်မသန့်စင်ဘဲရှိ လိမ့်မည်။-
18. ယောကျာ်းနှင့်မိန်းမ၊ ကာမစပ်ယှက်ပြီးလျှင် နှစ်ဦးစလုံးရေချိုးရမည်။ သူတို့သည်ည ဦးတိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။
19. အမျိုးသမီးတစ်ယောက်သည်ရာသီသွေး ပေါ်လျှင် သူသည်ခုနစ်ရက်မသန့်စင်ဘဲရှိ လိမ့်မည်။ သူ့ကိုထိကိုင်မိသောသူသည် ည ဦးတိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။-
20. ရာသီသွေးပေါ်ချိန်အတွင်းထိုအမျိုး သမီးထိုင်သောနေရာသို့မဟုတ်အိပ် သောအိပ်ရာတို့သည်မသန့်စင်။-