11. ရိနာစွဲသောသူသည်မိမိ၏လက်များကို မဆေးဘဲနှင့် တစ်စုံတစ်ယောက်ကိုထိကိုင် မိလျှင် အကိုင်ခံရသောသူသည်မိမိအဝတ် များကိုဖွပ်လျှော်၍ရေချိုးရမည်။ သူသည် ညဦးတိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။-
12. ရိနာစွဲသောသူကိုင်မိသောမြေအိုးမြေ ခွက်ကိုခွဲပစ်ရမည်။ သူကိုင်မိသောသစ်သား အိုးသစ်သားခွက်ကိုရေနှင့်ဆေးရမည်။
13. ထိုသူသည်ရိနာပျောက်ကင်းပြီးနောက် ခုနစ် ရက်စောင့်ဆိုင်းပြီးလျှင် မိမိအဝတ်များကို ဖွပ်လျှော်၍စမ်းရေဖြင့်ရေချိုးရမည်။ ထို အခါတွင်သူသည် ဘာသာရေးထုံးနည်း အရသန့်စင်လိမ့်မည်။-
14. အဋ္ဌမနေ့တွင်သူသည် ချိုးနှစ်ကောင်သို့ မဟုတ်ခိုနှစ်ကောင်ကို ထာဝရဘုရားစံ တော်မူရာတဲတော်တံခါးဝသို့ယူဆောင် ခဲ့၍ယဇ်ပုရောဟိတ်ထံပေးအပ်ရမည်။-