6. ယဇ်ပုရောဟိတ်သည်သစ်ကတိုးသား၊ ကြိုးနီ၊ ဟုဿုပ်ပင်ခက်နှင့်တကွငှက်အရှင်ကို သတ်ပြီးသောငှက်၏သွေးထဲ၌နှစ်ရမည်။-
7. ထို့နောက်သူသည်ကိုယ်ရေပြားရောဂါ ပျောက်ကင်းသူအား သွေးဖြင့်ခုနစ်ကြိမ်ပက် ဖျန်းပြီးလျှင်သန့်စင်သူဖြစ်ကြောင်းကြေ ညာရမည်။ ငှက်အရှင်ကိုကွင်းပြင်သို့ပျံ စေရမည်။-
8. ရောဂါပျောက်ကင်းသူသည်မိမိအဝတ် များကိုဖွပ်လျှော်၍ ကိုယ်ပေါ်မှအမွေးရှိ သမျှကိုရိတ်ပြီးလျှင်ရေချိုးရမည်။ ထို အခါသူသည်ဘာသာရေးထုံးနည်းအရ သန့်စင်သဖြင့် စခန်းအတွင်းသို့ပြန်ဝင် နိုင်သည်။ သို့ရာတွင်သူ၏တဲအပြင်၌ ခုနစ်ရက်နေထိုင်ရမည်။-
9. သတ္တမနေ့တွင်သူ၏ဆံပင်၊ မုတ်ဆိတ်မွေး၊ မျက်ခုံးမွေးနှင့်ကိုယ်ပေါ်မှအမွေးရှိသမျှ ကိုတစ်ဖန်ရိတ်ပြီးလျှင် မိမိအဝတ်များ ကိုဖွပ်လျှော်၍ရေချိုးရမည်။ ထိုအခါသူ သည်ဘာသာရေးထုံးနည်းအရသန့်စင် လိမ့်မည်။
10. အဋ္ဌမနေ့၌သူသည် အပြစ်အနာကင်း သောတစ်နှစ်သားအရွယ် သိုးထီးကလေး နှစ်ကောင်၊ သိုးမကလေးတစ်ကောင်၊ သံလွင် ဆီနှင့်ရောသောမုန့်ညက်ငါးပေါင်နှင့်သံလွင် ဆီအဝက်သားကိုယူဆောင်ခဲ့ရမည်။-
11. ယဇ်ပုရောဟိတ်သည်ထိုသူကိုအထက်ပါ ပူဇော်သကာများနှင့်တကွ ထာဝရဘုရား စံတော်မူရာတဲတော်တံခါးဝသို့ခေါ် ဆောင်ခဲ့ရမည်။-