39. သူသည်သတ္တမနေ့၌ ထိုအိမ်သို့တစ်ဖန်သွား ရောက်စစ်ဆေးရမည်။ ယဇ်ပုရောဟိတ်သည် ဖားဥများပြန့်ပွားလျက်ရှိကြောင်းတွေ့ရ လျှင်၊-
40. ဖားဥစွဲသောကျောက်တုံးများကိုထုတ်၍ မြို့ပြင်ရှိအညစ်အကြေးစွန့်ရာအရပ် ၌စွန့်ပစ်ရမည်။-
41. ထိုနောက်အိမ်တွင်းထရံများမှအင်္ဂတေကို ခြစ်ခွာစေရမည်။ ခြစ်ခွာ၍ရသောအင်္ဂတေ ကိုမြို့ပြင်ရှိအညစ်အကြေးစွန့်ရာအရပ် ၌စွန့်ပစ်ရမည်။-
42. ထုတ်ပစ်သောကျောက်တုံးများနေရာတွင် အခြားကျောက်တုံးများဖြင့်အစားထိုး ၍ ထရံများကိုအင်္ဂတေဖြင့်အသစ်မွမ်းမံ စေရမည်။
43. ထိုအိမ်တွင်ကျောက်တုံးများကိုထုတ်၍ထရံ များကိုခြစ်လျက် အင်္ဂတေအသစ်မွမ်းမံပြီး နောက်ဖားဥစွဲပြန်လျှင်၊-
44. ယဇ်ပုရောဟိတ်သည်ထိုအိမ်သို့သွားရောက် စစ်ဆေးရမည်။ ဖားဥပြန့်ပွားလျက်ရှိသည် ကိုတွေ့ရလျှင်ထိုအိမ်သည်မသန့်စင်ချေ။-
45. ထိုအခါအိမ်ကိုဖြိုချ၍ကျောက်၊ သစ်သား၊ အင်္ဂတေရှိသမျှကိုမြို့ပြင်ရှိအညစ်အကြေး စွန့်ရာအရပ်သို့ယူဆောင်သွားရမည်။-
46. အိမ်ကိုပိတ်ထားသည့်ကာလအတွင်း အိမ်ထဲသို့ဝင်မိသူသည်ညဦးတိုင်အောင် မသန့်စင်ချေ။-
47. ထိုအိမ်ထဲတွင်အိပ်မိစားမိသူသည်လည်း မိမိ၏အဝတ်များကိုဖွပ်လျှော်ရမည်။
48. အိမ်ကိုအင်္ဂတေဖြင့်အသစ်မွမ်းမံပြီးသည့် နောက် ယဇ်ပုရောဟိတ်သွားရောက်စစ်ဆေးကြည့် သောအခါ ဖားဥထပ်မံ၍မစွဲကြောင်းတွေ့ ရှိရလျှင် ဖားဥလုံးဝမစွဲတော့ပြီဖြစ်သော ကြောင့် ထိုအိမ်သည်ဘာသာရေးထုံးနည်း အရသန့်စင်သည်ဟူ၍ကြေညာရမည်။-
49. ထိုအိမ်အတွက်သန့်စင်ခြင်းဝတ်ကိုဆောင် ရွက်ရန်သူသည်ငှက်နှစ်ကောင်၊ သစ်ကတိုး သား၊ ကြိုးနီ၊ ဟုဿုပ်ပင်ခက်စသည်တို့ကို ယူဆောင်ခဲ့ရမည်။-
50. သူသည်စမ်းရေထည့်ထားသောမြေအိုးကို အောက်မှခံ၍ငှက်တစ်ကောင်ကိုသတ်ရမည်။-
51. ထို့နောက်သစ်ကတိုးသား၊ ဟုဿုပ်ခက်၊ ကြိုး နီနှင့်တကွ ငှက်အရှင်ကိုသတ်ပြီးသော ငှက်၏သွေးနှင့်စမ်းရေထည့်လာသောအိုး ထဲတွင်နှစ်ပြီးလျှင် အိမ်ကိုခုနစ်ကြိမ်ပက် ဖျန်းရမည်။-
52. ဤနည်းအားဖြင့်သူသည်ငှက်၏သွေး၊ စမ်း ရေ၊ ငှက်အရှင်၊ သစ်ကတိုးသား၊ ဟုဿုပ်ခက် နှင့်ကြိုးနီစသည်တို့ကိုအသုံးပြု၍အိမ် အတွက်သန့်စင်ခြင်းဝတ်ကိုပြုရမည်။-