ဝတ်​ပြု 14:36-40 Common Language Bible (BCL)

36. ယဇ်​ပု​ရော​ဟိတ်​သည်​ထို​အိမ်​သို့​သွား​ရောက် မ​စစ်​ဆေး​မီ ပစ္စည်း​ရှိ​သ​မျှ​ကို​အ​ပြင်​သို့ ထုတ်​စေ​ရ​မည်။ ထို​သို့​မ​ပြု​လုပ်​လျှင်​အိမ်​ထဲ ၌​ရှိ​သ​မျှ​သော​ပစ္စည်း​များ​ကို​မ​သန့်​စင်​ဟု ကြေ​ညာ​ရ​မည်။ ထို​နောက်​သူ​သည်​အိမ်​ထဲ သို့​ဝင်​၍၊-

37. ဖား​ဥ​ကို​စစ်​ဆေး​ရ​မည်။ အိမ်​ထ​ရံ​ပေါ် တွင်​စိမ်း​ဖန့်​ဖန့်၊ နီ​ကြန့်​ကြန့်​ဖား​ဥ​စွဲ​သည့် အ​ကွက်​များ​ချိုင့်​ဝင်​နေ​ကြောင်း​တွေ့​ရှိ​ရ လျှင်၊-

38. သူ​သည်​အိမ်​အ​ပြင်​သို့​ထွက်​၍​အိမ်​ကို ခု​နစ်​ရက်​ပိတ်​ထား​စေ​ရ​မည်။-

39. သူ​သည်​သတ္တ​မ​နေ့​၌ ထို​အိမ်​သို့​တစ်​ဖန်​သွား ရောက်​စစ်​ဆေး​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည် ဖား​ဥ​များ​ပြန့်​ပွား​လျက်​ရှိ​ကြောင်း​တွေ့​ရ လျှင်၊-

40. ဖား​ဥ​စွဲ​သော​ကျောက်​တုံး​များ​ကို​ထုတ်​၍ မြို့​ပြင်​ရှိ​အ​ညစ်​အ​ကြေး​စွန့်​ရာ​အ​ရပ် ၌​စွန့်​ပစ်​ရ​မည်။-

ဝတ်​ပြု 14