26. ထို့နောက်ယဇ်ပုရောဟိတ်သည် မိမိ၏လက်ဝဲ လက်ဖဝါးထဲတွင်ဆီအနည်းငယ်ကိုထည့် ၍၊-
27. လက်ယာလက်ညှိုးဖြင့် ထာဝရဘုရား၏ ရှေ့တော်၌ခုနစ်ကြိမ်ဖျန်းရမည်။-
28. တစ်ဖန်သူသည်သွေးသုတ်ပြီးသောနေရာ များဖြစ်သည့်လက်ယာနားပျဉ်း၊ လက်ယာ လက်မ၊ လက်ယာခြေမတို့တွင်ဆီအနည်း ငယ်သုတ်ရမည်။-
29. တစ်ဖန်သူသည်လက်ဖဝါးထဲတွင်ကျန်ရှိ သောဆီဖြင့် ထိုသူ၏ဦးခေါင်းကိုသုတ်ရမည်။ ဤနည်းအားဖြင့်သန့်စင်ခြင်းဝတ်ကိုပြု ရမည်။-
30. ထိုနောက်ယဇ်ပုရောဟိတ်သည်ချိုးတစ်ကောင်၊ သို့မဟုတ်ခိုတစ်ကောင်ကိုအပြစ်ဖြေရာ ယဇ်အတွက်လည်းကောင်း၊-
31. အခြားတစ်ကောင်ကိုမီးရှို့ရာယဇ်အတွက် လည်းကောင်း၊ ဘောဇဉ်ပူဇော်သကာနှင့်တကွ ထာဝရဘုရားအားပူဇော်ရမည်။ ဤနည်း အားဖြင့်ယဇ်ပုရောဟိတ်သည်သန့်စင်ခြင်း ဝတ်ကိုဆောင်ရွက်ရမည်။-
32. ဤပညတ်သည်ကားဆင်းရဲ၍မတတ်နိုင် သည့်ကိုယ်ရေပြားရောဂါသည် လိုက်နာရ မည့်သန့်စင်ခြင်းဝတ်နှင့်ဆိုင်သောပညတ် ဖြစ်သတည်း။
33-34. ထာဝရဘုရားသည်မောရှေနှင့်အာရုန်တို့ အား အိမ်များတွင်ဖားဥစွဲခြင်းနှင့်ပတ်သက် ၍ အောက်ဖော်ပြပါပညတ်များကိုချမှတ် ပေးတော်မူ၏။ (ဤပညတ်သည် ဣသရေလ အမျိုးသားတို့ပိုင်ဆိုင်နေထိုင်ရန် ထာဝရ ဘုရားပေးတော်မူမည့်ခါနာန်ပြည်သို့ရောက် ရှိပြီးနောက်လိုက်လျှောက်ရမည့်ပညတ်များ ဖြစ်သည်။-)
35. တစ်စုံတစ်ယောက်သောသူသည် မိမိ၏အိမ် တွင်ဖားဥစွဲကြောင်းတွေ့ရလျှင် ယဇ်ပုရော ဟိတ်ထံသို့သွားရောက်တိုင်ကြားရမည်။-
36. ယဇ်ပုရောဟိတ်သည်ထိုအိမ်သို့သွားရောက် မစစ်ဆေးမီ ပစ္စည်းရှိသမျှကိုအပြင်သို့ ထုတ်စေရမည်။ ထိုသို့မပြုလုပ်လျှင်အိမ်ထဲ ၌ရှိသမျှသောပစ္စည်းများကိုမသန့်စင်ဟု ကြေညာရမည်။ ထိုနောက်သူသည်အိမ်ထဲ သို့ဝင်၍၊-
37. ဖားဥကိုစစ်ဆေးရမည်။ အိမ်ထရံပေါ် တွင်စိမ်းဖန့်ဖန့်၊ နီကြန့်ကြန့်ဖားဥစွဲသည့် အကွက်များချိုင့်ဝင်နေကြောင်းတွေ့ရှိရ လျှင်၊-
38. သူသည်အိမ်အပြင်သို့ထွက်၍အိမ်ကို ခုနစ်ရက်ပိတ်ထားစေရမည်။-
39. သူသည်သတ္တမနေ့၌ ထိုအိမ်သို့တစ်ဖန်သွား ရောက်စစ်ဆေးရမည်။ ယဇ်ပုရောဟိတ်သည် ဖားဥများပြန့်ပွားလျက်ရှိကြောင်းတွေ့ရ လျှင်၊-