ထိုသူသည်ဆင်းရဲသဖြင့် အထက်ပါပူဇော် သကာများကိုသန့်စင်ခြင်းဝတ်အတွက် အပြစ်ဒဏ်ပြေရာယဇ်အဖြစ်ပူဇော်ရန် မတတ်နိုင်လျှင် သိုးထီးကလေးတစ်ကောင် ကိုသာယူဆောင်ခဲ့ရမည်။ ထိုယဇ်သည်ယဇ် ပုရောဟိတ်အတွက် ထာဝရဘုရားအား အထူးလှူဘွယ်ဖြစ်သည်။ သူသည်ဘောဇဉ် ပူဇော်သကာအတွက် သံလွင်ဆီနှင့်ရော သောမုန့်ညက်နှစ်ပေါင်ကိုလည်းကောင်း၊ သံ လွင်ဆီအဝက်သားကိုလည်းကောင်းယူခဲ့ ရမည်။-