52. ထိုဖားဥကွက်သည်ကူးစက်တတ်သောဖားဥ မျိုးဖြစ်သဖြင့် ယဇ်ပုရောဟိတ်သည်ပစ္စည်း ကိုမီးရှို့ဖျက်ဆီးရမည်။
53. ယဇ်ပုရောဟိတ်သည် ပစ္စည်းကိုစစ်ဆေး၍ဖားဥ ကွက်သည်မကျယ်ပြန့်လျှင်၊-
54. ထိုပစ္စည်းကိုဖွပ်လျှော်စေပြီးနောက် ခုနစ်ရက် ထပ်မံ၍သိမ်းထားရမည်။-
55. ထို့နောက်ယဇ်ပုရောဟိတ်သည်ပစ္စည်းကိုစစ် ဆေးရမည်။ ဖားဥကွက်သည်မပြန့်ပွားသော် လည်းအရောင်မပြောင်းလဲလျှင် ထိုပစ္စည်းသည် မသန့်ရှင်းချေ။ ထိုပစ္စည်းသည်အတွင်းအပြင် ဆွေးမြေ့နေကြောင်းတွေ့ရှိရလျှင် ယင်းကို မီးရှို့ဖျက်ဆီးရမည်။-
56. သို့ရာတွင်ယဇ်ပုရောဟိတ်သည်ထပ်မံစစ် ဆေးသည့်အခါ ဖားဥကွက်သည်အရောင်ညှိုး သွားကြောင်းကိုတွေ့ရှိရလျှင် အဝတ်အထည် သို့မဟုတ်သားရေထည်ပစ္စည်းမှထိုအကွက် ကိုဆုတ်ထုတ်ရမည်။-