ဝတ်​ပြု 13:51-55 Common Language Bible (BCL)

51. သတ္တ​မ​နေ့​၌​ထို​ပစ္စည်း​ကို​ထပ်​မံ​စစ်​ဆေး​၍ ဖား​ဥ​ကွက်​ပြန့်​ပွား​လာ​လျှင် ထို​ပစ္စည်း​သည် မ​သန့်​ရှင်း​ချေ။-

52. ထို​ဖား​ဥ​ကွက်​သည်​ကူး​စက်​တတ်​သော​ဖား​ဥ မျိုး​ဖြစ်​သ​ဖြင့် ယဇ်​ပု​ရော​ဟိတ်​သည်​ပစ္စည်း ကို​မီး​ရှို့​ဖျက်​ဆီး​ရ​မည်။

53. ယဇ်​ပု​ရော​ဟိတ်​သည် ပစ္စည်း​ကို​စစ်​ဆေး​၍​ဖား​ဥ ကွက်​သည်​မ​ကျယ်​ပြန့်​လျှင်၊-

54. ထို​ပစ္စည်း​ကို​ဖွပ်​လျှော်​စေ​ပြီး​နောက် ခု​နစ်​ရက် ထပ်​မံ​၍​သိမ်း​ထား​ရ​မည်။-

55. ထို့​နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​ပစ္စည်း​ကို​စစ် ဆေး​ရ​မည်။ ဖား​ဥ​ကွက်​သည်​မ​ပြန့်​ပွား​သော် လည်း​အ​ရောင်​မ​ပြောင်း​လဲ​လျှင် ထို​ပစ္စည်း​သည် မ​သန့်​ရှင်း​ချေ။ ထို​ပစ္စည်း​သည်​အ​တွင်း​အ​ပြင် ဆွေး​မြေ့​နေ​ကြောင်း​တွေ့​ရှိ​ရ​လျှင် ယင်း​ကို မီး​ရှို့​ဖျက်​ဆီး​ရ​မည်။-

ဝတ်​ပြု 13