37. သို့ရာတွင်ယဇ်ပုရောဟိတ်သည်အနာမပြန့် မပွား၊ အနာပေါ်ရှိအမွေးနက်များသည် ပကတိအသွေးအရောင်ရှိ၍ ပျောက်ကင်း သွားပြီဟုထင်မြင်ယူဆလျှင် ထိုသူအား ဘာသာရေးထုံးနည်းအရသန့်ရှင်းသည် ဟူ၍ဆုံးဖြတ်ရမည်။
38. အမျိုးသားသို့မဟုတ်အမျိုးသမီးတစ် ယောက်၏အရေပြားပေါ်တွင်အဖြူကွက် များပေါ်လျှင်၊-
39. ယဇ်ပုရောဟိတ်သည်ထိုသူအားစစ်ဆေး ရမည်။ အကွက်များသည်ဖြူမွဲမွဲဖြစ်လျှင် အရေပြားပေါ်တွင်ဖြစ်ပေါ်တတ်သောညှင်း ကွက်များဖြစ်၍သူသည်ဘာသာရေးထုံး နည်းအရသန့်ရှင်းသည်။
40-41. အမျိုးသားသို့မဟုတ် အမျိုးသမီးတစ် ယောက်၏ဦးခေါင်းအနောက်ပိုင်းမှဖြစ်စေ၊ အရှေ့ပိုင်းမှဖြစ်စေဆံပင်များကျွတ်လျှင် မသန့်ရှင်းသူဟူ၍မသတ်မှတ်ရ။-
42. သို့ရာတွင်ဆံပင်ပြောင်သောနေရာ၌နီ ဖျော့ဖျော့အနာပေါက်လျှင် ထိုအနာသည် ဆိုးရွားသောအရေပြားရောဂါဖြစ်သည်။-
43. ယဇ်ပုရောဟိတ်သည်ထိုသူအားစစ်ဆေး၍ အနာသည်နီဖျော့ဖျော့ဖြစ်လျှင်၊-
44. သူ၏ဦးခေါင်းပေါ်၌ဆိုးရွားသောအရေ ပြားရောဂါစွဲသည်ဖြစ်သောကြောင့် မသန့် ရှင်းသူဟုဆုံးဖြတ်ရမည်။-