32. သတ္တမနေ့၌ယဇ်ပုရောဟိတ်သည်အနာ ကိုတစ်ဖန်စစ်ဆေး၍ အနာသည်မပြန့်မပွား အမွေးများသည်လည်းမဝါ၊ အနာတွင်း သည်လည်းမနက်ကြောင်းတွေ့ရှိရလျှင်၊-
33. အနာပတ်လည်ရှိအမွေးများကိုရိတ်ရ မည်။ ထို့နောက်သူအားခုနစ်ရက်တိုး၍သီး ခြားနေထိုင်စေရမည်။-
34. သတ္တမနေ့၌ယဇ်ပုရောဟိတ်သည်အနာကို တစ်ဖန်စစ်ဆေး၍ အနာသည်မပြန့်မပွား၊ အနာတွင်းသည်လည်းမနက်ကြောင်းတွေ့ရှိ ရလျှင် ထိုသူအားဘာသာရေးထုံးနည်းအရ သန့်ရှင်းသည်ဟုဆုံးဖြတ်ရမည်။ ထိုသူသည် မိမိအဝတ်များကိုဖွပ်လျှော်ရမည်။ ထို့ နောက်သူသည်သန့်ရှင်းလိမ့်မည်။-
35. သို့ရာတွင်သူ့အားသန့်ရှင်းသည်ဟုဆုံး ဖြတ်ပြီးနောက် အနာသည်ပြန့်ပွားလာလျှင်၊-
36. ယဇ်ပုရောဟိတ်သည်ထိုသူကိုထပ်မံစစ်ဆေး ရမည်။ အနာသည်ပြန့်ပွားလျက်ရှိကြောင်း တွေ့ရလျှင် အမွေးဝါသည်မဝါသည်ကိုစစ် ဆေးကြည့်ရန်မလို။ အဘယ်ကြောင့်ဆိုသော် သူသည်မသန့်ရှင်းကြောင်းထင်ရှားနေပြီ ဖြစ်သည်။-