27. သတ္တမနေ့တွင်ယဇ်ပုရောဟိတ်သည် သူ့ကိုထပ်မံ စစ်ဆေး၍အနာသည်ပြန့်ပွားနေကြောင်းတွေ့ရ လျှင် ထိုအနာသည်ဆိုးရွားသောကိုယ်ရေပြား ရောဂါဖြစ်သောကြောင့် ထိုသူကိုမသန့်ရှင်း ဟုဆုံးဖြတ်ရမည်။-
28. သို့သော်အနာကွက်သည်မူလအခြေအနေ၌ ရှိ၍ မပြန့်ပွားကြောင်းကိုလည်းကောင်း၊ အရောင် ဖျော့နေကြောင်းကိုလည်းကောင်းတွေ့ရှိရလျှင် ထိုအနာသည်ဆိုးရွားသောကိုယ်ရေပြားရော ဂါမဟုတ်။ ထိုအနာသည်မီးလောင်သည့်အမာ ရွတ်မျှသာဖြစ်ခြင်းကြောင့် ယဇ်ပုရောဟိတ်သည် ထိုသူအားဘာသာရေးထုံးနည်းအရသန့်ရှင်း သည်ဟုဆုံးဖြတ်ရမည်။
29. အမျိုးသားသို့မဟုတ်အမျိုးသမီးတစ် ယောက်၏ခေါင်းပေါ်တွင်ဖြစ်စေ၊ မေးပေါ်တွင် ဖြစ်စေအနာပေါက်လျှင်၊-
30. ယဇ်ပုရောဟိတ်ကထိုအနာကိုစစ်ဆေးရ မည်။ အနာတွင်းသည်နက်ဟန်ရှိ၍အနာပေါ် ရှိအမွေးများပါးလျက် ဝါကြန့်ကြန့်အရောင် ရှိလျှင် ထိုအနာသည်ဆိုးရွားသောကိုယ်ရေ ပြားရောဂါဖြစ်သောကြောင့် ထိုသူအား မသန့်ရှင်းဟုဆုံးဖြတ်ရမည်။-
31. ယဇ်ပုရောဟိတ်သည်ထိုသူအားစစ်ဆေး သည့်အခါ အနာတွင်းသည်မနက်သော်လည်း အနာပေါ်ရှိအမွေးများသည် ပကတိအသွေး အရောင်အတိုင်းမရှိခဲ့လျှင် သူ့ကိုခုနစ်ရက် သီးခြားနေထိုင်စေရမည်။-
32. သတ္တမနေ့၌ယဇ်ပုရောဟိတ်သည်အနာ ကိုတစ်ဖန်စစ်ဆေး၍ အနာသည်မပြန့်မပွား အမွေးများသည်လည်းမဝါ၊ အနာတွင်း သည်လည်းမနက်ကြောင်းတွေ့ရှိရလျှင်၊-
33. အနာပတ်လည်ရှိအမွေးများကိုရိတ်ရ မည်။ ထို့နောက်သူအားခုနစ်ရက်တိုး၍သီး ခြားနေထိုင်စေရမည်။-